ကျွန်တော့်ရဲ့. . ချစ်သော. .◀ 14 ▶

Start from the beginning
                                    

အဲ့ဒီအခိုက်အတန့်မှာပဲ. . .

'' luhan. . ရှေ့ကိုကြည့်. . ရှေ့ကို. . ''

ဘေးကနေအော်သံဟစ်သံသတိပေးသံတွေ
ဆူညံသွားပြီးတဲ့နောက်. .

ပြေးဝင်လာတဲ့ဘောလုံးဟာသူ့ဆီကို တည့်တည့်ကြီး. .

ဘောင်း. . . .

ဖင်ထိုင်ရက်ကလေးလဲကျသွားတဲ့သူ့အနားကို
လူတွေဝိုင်းအုံသွားသလို
ကျွန်တော်လည်းခုံကထပြေးလာခဲ့မိတယ် ။

'' luhan ရရဲ့လား ''

'' အဆင်ပြေရဲ့လား luhan. . ''

ဝိုင်းမေးနေတဲ့ လူတွေကြားမှာ
သူကလက်ကလေးတကာကာနဲ့

'' ရတယ် ရတယ် ဘာမှမဖြစ်ဘူး နည်းနည်းပဲထိတာ. .''

ပြုံးပြုံးလေးပြောနေတဲ့သူ့ကိုကြည့်ပြီး
ကျွန်တော်တို့အားလုံး ဟင် ကနဲဖြစ်သွားရတယ်

'' luhan . . မင်း နှာခေါင်း . . နှာခေါင်းမှာ. . ''

တယောက်ကတုန်တုန်ယင်ယင်နဲ့
သူ့နှာခေါင်းကိုလက်ညှိုးထိုးပြတယ် ။
သူကလည်းယောင်ယောင်ကမ်းကမ်းပုံလေးနဲ့
သူ့နှာခေါင်းသူပြန်စမ်းကြည့်ပြီး. .

'' ဟင်. . ''

စေးကပ်ကပ်နဲ့သူ့လက်မှာပါလာတဲ့ဟာတွေကို
သူသေသေချာချာပြန်ကြည့်တယ်
နှာခေါင်းကိုလက်ခုံနဲ့ပွတ်တယ်
ပြီးတော့
သူ့နှုတ်ခမ်းလေးတွေတဖြည်းဖြည်းမဲ့လာတယ်

'' အိ သွေး သွေးတွေ ဟင့် sambae. . အီး ဟီး. . ''

ကျွန်တော့်မှာ ရယ်ရမလိုငိုရမလို . . .

မျက်ရည်တွေပိုးပိုးပေါက်ပေါက်နဲ့
လက်နှစ်ဖက်ကိုဆန့်တန်းလို့
ကျွန်တော့်ရင်ခွင်ထဲတိုးဝင်လာတဲ့ကောင်လေးကို
ပြန်ဖက်ထားပေးရင်း
ရယ်ချင်တဝက်သနားတဝက်နဲ့. .

သြော် ကျွန်တော့်ရဲ့ ဖားပျံပေါက်စရယ် . .

◀ ◀ ◀ ▶ ▶ ▶

'' luhan လာ ဒီမှာခဏထိုင် ''

ကျောင်းဆေးခန်းထဲကကုတင်မှာ
သူ့ကိုထိုင်ခိုင်းထားပြီး
အသင့်ရှိနေတဲ့ တဘက်ဖြူ တစ်ထည်ကိုယူ ။
ဇလုံတလုံးနဲ့ ရေခဲထည့်ပြီး တဘက်ကို ရေခဲဆွတ်လို့
ပေကျံနေတဲ့ သွေးစတချို့ကို သန့်စင်ပေးရတယ် ။

ကျွန်တော့်ရဲ့. . .ချစ်သော. .[HunHan OTP completed ]Where stories live. Discover now