ကျွန်တော့်ရဲ့. . ချစ်သော. .◀ 10 ▶

5.2K 766 89
                                    

ဖြတ်သန်းခဲ့ဖူးတဲ့ မနက်ခင်းများစွာနဲ့ ထူးမခြားနား ယနေ့မနက်ခင်းမှာလည်း နာရီနှိုးစက်သံခပ်ကျယ်ကျယ်နဲ့ပဲ ကျွန်တော်နိုးထလာခဲ့ရတယ် ။

တစုံတရာထူးခြားမှုမရှိတဲ့ မနက်ခင်းနေရောင်ခြည်နှင့်အတူ တစ်နေ့တာအတွက်ပြင်ဆင်နေကြတဲ့ လှုပ်ရှားမှုများ ။

သမားရိုးကျမနက်ခင်း သမားရိုးကျနေ့တနေ့ရဲ့အစ . . .
ပြီးတော့. . . သူမပါဝင်ပဲ ကျော်ဖြတ်ရဦးမယ့်နေ့တနေ့. .

တညလွန်မြောက်ပြီး တမိုးသောက်လာတိုင်း သူ့ကိုများ ရုတ်တရက်ဘွားကနဲ ပြန်မြင်ရလေမလား ဆိုတဲ့မျှော်လင့်ချက်တစ်ခုကိုဖြင့် ရင်ဝယ်ပိုက်ထားခဲ့မိဖူးပေမယ့်လည်း . .။

ညပေါင်းများစွာ မနက်ပေါင်းများစွာကို ကုန်လွန်ခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ နောက်ဆုံးကောက်ရိုးမျှင် မျှော်လင့်ချက်ကလေးကလည်း တဖြည်းဖြည်းချင်းအရောင်မှိန်ဖျော့လို့ လျော့ပါးသထက်လျော့ပါးရင်း. .။

ထုံးစံအတိုင်းအိပ်ယာကထတယ် ထုံးစံအတိုင်းမနက်စာစားတယ် ပြီးတော့လည်း ထုံးစံအတိုင်း ကျောင်းကိုလာတယ် ။
ဘယ်အရာမှပြောင်းလဲမသွားဘူး ။ ကျွန်တော့်ပတ်ဝန်းကျင်ကလည်း အရင်လိုပဲ ။

သူ့ရဲ့ဖြစ်တည်မှုကို ဘယ်သူမှမသိရှိခဲ့ဖူးလေတော့ ဘယ်သူကမှလည်း သူမရှိတော့တာကိုမသိကြဘူး ။ ဘယ်သူ့ကိုမှလည်း သူ့အကြောင်းအလွမ်းပြေလေးတောင် မေးခွင့်ပြောခွင့်ကျွန်တော့်မှာမရှိဘူး ။

ကျွန်တော်တယောက်ထဲပဲ ထုတ်ပြမရတဲ့ လွမ်းဆွတ်ခြင်းတွေနဲ့ တယောက်ထဲအတွင်းကျိတ် ရင်ကွဲနာကျရင်း ။ အပေါ်ယံမျက်နှာဖုံးတစ်ခုနဲ့ နေ့ရက်တွေကိုဖြတ်သန်းနေရတယ် ။

'' sehun. .''

လက်မောင်းကိုလာထိတဲ့လက်တဖက်နဲ့အတူခေါ်သံကိုကြားမှ ကျွန်တော်အသိဝင်လာတယ် ။ ဟုတ်သားပဲ ကျွန်တော်အခု ကျောင်းသွားတဲ့လမ်းပေါ်မှာ ။

'' Hana. . ''

လှည့်ကြည့်မိတော့သူမကကျွန်တော့်ကိုပြုံးပြတယ် ။ ဆံနွယ်တွေကိုခပ်မြင့်မြင့်မြှောက်စည်းထားတဲ့သူမကလည်း မပြောင်းလဲတမ်း လှပကြော့ရှင်းလျက်ပါပဲ ။

ကျွန်တော့်ရဲ့. . .ချစ်သော. .[HunHan OTP completed ]Where stories live. Discover now