ဟိတ် ချစ် ချစ်
ချစ် ချစ် လေး
ဟိတ် ရှေ့က ချစ်ချစ်
Kyung Soo ကျောင်းထဲကို ဝင်လာကတည်းက နောက်ကနေ တကောက်ကောက် လိုက်ကာ တစ်ချစ် တည်း ချစ် ချစ် ဟု လိုက်ခေါ်ကာ စနေသော အသံများ ကို ကြားသော်ငြား ဒေါသများ ကို အတောင့်လိုက် မြိုချ နေရသည်
မနေ့က မှ ပြသနာ တက်ကာ ရဲစခန်း ဆီ ရောက်ခဲ့သော သူက အခု မနက် ပိုင်းတွင် ထပ်ပြသနာ တက်ကာ ရဲစခန်း ရောက်ကြည့် ပါလား သူ သေချာပေါက် အိမ်ပေါ် က ကန်ချခံရမှာ အသေ အချာ
ဒီ ထက်ပို ဆိုးတာက ဒီကျောင်းမှာ ယနေ့မှ ဆရာ အဖြစ် အလုပ် စဝင်ကာ လုပ်မည့် သူက သူ့ ကျောင်းသား ဖြစ်လာနိုင်သည့် ကလေး များကို ရိုက်ထည့် ပါက သေချာပေါက် သူ နာမည် ပျက်နိုင်သည်
မဟုတ်ရင် သူ့ စိတ်နဲ့ အပြင် မှာသာ တွေ့လို့ ကတော့ သကောင်သား ၃ ယောက်သား ဆေးရုံပေါ် ရောက် ပြီး တစ်ယောက် ကို ခြောက်ချက်စီ ချုပ်ပစ် ရအောင် လုပ်မှာ အသေ အချာ
သူသည်ကား လူက သေးသလောက် လူနဲ့ မလိုက်အောင် ဒေါသကြီးတတ်သော သွေးဆူ လွယ်တတ်သော မိန်းကလေး များ အကြားရေပန်းစားသော Do Kyung Soo ပင်
သူ့ အဖေ က ကိုရီးယား နိုင်ငံရဲ့ Top 1 ရှေ့နေကြီး နဲ့ သူ့မေမေ မှာမူကား ရတနာ စိန်ကျောက်များကို ဇယ်တောက် ကစား တတ်သော လူကုန်ထံ ဒိတ်ဒိတ် ကြဲ အသိုင်း အဝိုင်း က ဖြစ်သောကြောင့် သူ့ကို သူ့ အရှိန် အဝါကြောင့်ရော သူ့ အသိုင်း အဝိုင်း ကြောင့်ရော လူတိုင်း က ရှိန်ကာလန့် ကြသည်
ထူးဆန်းတာ တစ်ခု က သူ့ ဝါသနာ က စာသင် ပေးရသည့် ဆရာ အလုပ် ကိုပင် Company ကိစ္စလုံးဝ စိတ်မဝင်စားသည့် သူက ကျောင်းပြီးပြီး ချင်း ဆရာ လုပ်ချင် သည် ဟု ဆိုသောကြောင့် အခုလို ကိုရီးယား နိုင်ငံရဲ့ Top 1 University ထဲကိုရောက်နေခြင်းပင်
နောက်ထပ် သူစိတ်ဝင်စားတာ တစ်ခုက ဒီကျောင်းမှာ သိပ်ချစ်စရာကောင်းတဲ့ မဒီချော လေးတွေ ရှိတယ် ဟု ကြားထား ခြင်းပင်
~ ဟိတ်ချစ် ချစ် ချစ်ချစ် က ကိုယ်ခေါ်နေတာ မကြားဘူးလား
နောက်ဆုံး သည်းမခံ နိုင်သည့် အဆုံး Kyung Soo နောက်ကို လှည့်ကြည့် လိုက်သည်
YOU ARE READING
That Playboy is my Husband (Z+U)
FanfictionPhoto Credit To Owner I didn't own that Cover
