ထာဝရ အပိုင်း ၉

Börja om från början
                                    

တူမကြီး.. သူ က နံမည်ကြီး နတ်ဆရာလား...

နတ်ဆရာတော့ မဟုတ်ပါဘူး ဒါပေမယ့် နတ်ဆရာလို့ ပြောလည်းရပါတယ်.. သူက ဝိညဉ်တွေ မြင်ရတယ်လေ..ဒုက္ခရောက်နေတဲ့ ဝိညဉ်တွေက သူ့ဆီအကူအညီတောင်းကျတယ်... အဲဒီ ဝိညဉ်တွေ အကူအညီနဲ့ သူလည်း လာမေးတဲ့သူတွေကို မှန်အောင်ပြောနိုငိတယ်...

ဒုက္ခရောက်နေတဲ့ ဝိညဉ်..... သူသွားအကူအညီတောင်းတယ် ထင်တယ်... yeong pyo သက်ပျင်းချကာ တိုးတိုးညည်းလိုက်သည်

Yunho ရေဆာ နေပြီ.. ကားထဲက ရေဗူးလည်း ကုန်သွားပြီ လမ်းတစ်လျောက် ဘာဆိုင်မှမတွေ့ ရှေ့မှာ ကားဂိတ်ရှိတဲ့ ဆိုင်းဘူတ် တွေ့တော့ Yunho ပျော်သွာူးည် ဒါဆို ဆိုင်တစ်ဆိုင်လောက်တော့ ရှိမယ် ကားကို ခပ်ဖြည်းဖြည်း မောင်းရင်း ရေဝယ်ရင်း ခဏနားဖို့ ကားဂိတ်နားက 24 hours စတိုးရှေ့ရပ်လိုက်သည် ပြီးတော့ ရေရယ် အအေးရယ် တခြား အဆာပြေစားစရာ တစ်ချို့ ရယ် ဝယ်ပြီး Yunho ကောင်တာ မှာ ငွေရှင်းလိုက်သည်

ဒီက လူငယ်လေး ဘယ်သွားမှာလဲ... ကောင်တာ မှ အမျိုးသမီးက Yunho ကိုမေးလိုက်သည်

Chaungnumdo ... Yunho ပြန်ဖြေလိုက်သည်

အပန်းမကြီးရင် ဟိုက ဦးလေးကို လမ်းကြုံခေါ်သွားပေးနိုင်မလားသူလည်း အဲဒီဘက် သွားရမှာ.. ကားမှားစီးလာလို့...

ရပါတယ် ကျွန်တော် လမ်းကြုံပါတယ် ဘယ်သွားမှာလဲ လိုက်ပို့လိုက်ပါ့မယ်...

ဦးလေး ... ဒီလူငယ်က Chaungnumdo ကိုသွားမှာ လမ်းကြုံတယ်တဲ့ .. ခေါ်သွားပေးမယ် တဲ့ ....

ဟာာ ကျေးဇူး တင်လိုက်တာ လူငယ်လေးရယ်.. ကျုပ်မှာ မှောင်သွားရင်ပြန်ဖို့ခက်မှာပါ တွေးပူနေတာ ... Bus ကို မှားစီးမိသွားတယ်.. ဦးလေး သွားမယ့်နေရာကလည်း နောက်ထပ် တစ်နာရီလောက်သွားရဦးမယ် ဆိုလို စိတ်ဓါတ်ကျနေတာ...

Yunho ကားကို သတိထားမောင်းရင်း စကားစလိုက်သည်

ဘယ်ကို လိုက်ပို့ပေးရမလဲ ခင်ဗျ.. ကျွန်တော်က လမ်းမကျွမ်းကျင်တော့ GPS နဲ့ရှာပေးမလို့ပါ...

ဒီလိပ်စာပဲ.. လူငယ်လေး.. ဦးလေးနံမည် Oh Yeong Pyo ပါ...

အာာာာ... ကျွန်တော်သွားမယ့်နေရာ နဲ့ တူတူပဲ.. ဟုတ်ကဲ့ ဦးလေး Oh တွေ့ရတာ ဝမ်းသာပါတယ်..

ထာဝရထက် တစ်ရက်ပိုသည်Där berättelser lever. Upptäck nu