ထာဝရ အပိုင်း ၉

698 71 2
                                    

အပိုင်း ၉

Yunho ကားကို ခပ်ဖြည်းဖြည်းမောင်းရင်း ပတ်ဝန်းကျင်က သဘာဝအလှများကို ငေးမောနေမိသည် ပင်လယ်ကမ်းစပ်ဘေး မှာ ဖောက်ထားတဲ့ ကားလမ်းမှာမောင်းရင်း ရေလှိုင်းတွေကြား မောင်းနေရသလို ခံစားမိသည် GPS ကိုကြည့်ကာ မောင်းနေရပေမယ့် ကမ္ဘာသစ်ကို ရောက်နေသလိုခံစားရသည် Korea ဒီလိုလှတဲ့နေရာတွေရှိသေးတာပဲ...

Yunho ကားကို ခဏ ဘေးချရပ်ကာ ပင်လယ်ကြီးကို ကြည့်နေမိသည် ကျောက်ဆောင်တွေက်ု အရှိန်ပြင်းပြင်း လာရိုက်နေတဲ့ လှိုင်းလုံးတွေကို ကြည့်ရင်း တစ်ခုခုကို လွမ်းသလို လစ်ဟာနေသလို ခံစားရသည် အင်းးး ဟိုကောင်လေး ခြေထောက်သက်သာရဲ့လား ... စတွေ့တုန်းကလည်း ခြေထောက်နာနေတာ.. နောက်တစ်ခေါက်တွေ့ရင် သေချာမေးကြည့်မှပဲ... ဖုန်းနံပါတ်လည်း တောင်းရမယ်... Yunho တွေးရင်း ပြုံးမိသည်.. အခုရက်ပိုင်း ကောင်လေးကို သတိမရတဲ့နေ့ရယ်လို့မရှိ တစ်ခုခု တိုက်ဆိုင်တိုင်း သတိရနေမိသည် ဘာလို့သတိရနေမိလဲတော့မသိ...ကောင်လေးက တော်တော်တော့ချောတယ်... တွေ့ဖူးသမျှလူတွေထဲ သူအချောဆုံးပဲ... ဒါကြောင့်လည်း မှတ်မှတ်ထင်ထင် ဖြစ်နေတာ နေမယ်...

Oh Yeong Pyo တစ်ယောက် ကားမှားစီးမိပြီး ဒုက္ခရောက်နေသည် ကိုယ်မကျွမ်းကျင်တဲ့နယ်မြေမှာ ဘယ်သူ့ကို အကူအညီတောင်းရမှန်းမသိဖြစ်နေမိသည်

ဦးလေး ... ဒီမှာပဲ ခဏနားပြီးကားကြုံစောင့်ပေါ့ .. Bus က ဒီမှာ ဂိတ်ဆုံးတာ ဟိုဘက်လမ်းကဆို ဦးလေးသွားချင်တဲ့ဆီကို တန်းရောက်တယ်... သဘောကောင်းတဲ့ ကားတစ်စီးက ခေါ်မှာပါ.. ကျွန်မလည်း ဝိုင်းပြောပေးပါ့မယ်...

Oh Yeong Pyo ကျေးဇူးတင်စကားပြောရင်း လမ်းမဆီမျှော်ကြည့်မိသည် ဟူးးးးး မနက်ထဲက ထွက်လာတာ အခုထိ သွားချင်တဲ့ဆီကို မရောက်သေးဘူး လိပ်စာကတ်ကို ထပ်ထုတ်ကာ လိပ်စာကို ဖတ်လိုက်သည် အသက်ကြီးလာလို့လား မသိပါဘူး ထပ်ကာ ထပ်ကာဖတ်နေပေမယ့် အခုထိ လိပ်စာကို မမှတ်မိဘူး ဖြစ်နေသည်

အော်... ဆရာCho ဆီသွားမလို့လား... သူက သိပ်တော်တာ.. ကျွန်မလည်း ရောက်ဖူးတယ်.. ဒီရှေ့က ဖြတ်သွားတဲ့ ကားတော်တော်များများက ဆရာCho ဆီ သွားကြတာ.. ဦးလေး စိတ်ပူမနေနဲ့.. သူတို့ခေါ်တင်သွားမှာ... ဆိုင်ရှင်အမျိုးသမီးက Yeong PYo ရှေ့ ရေတစ်ခွက်ချပေးရင်း ပြောသွားသည်

ထာဝရထက် တစ်ရက်ပိုသည်Where stories live. Discover now