"ဘာလဲကွာ စောစောစီးစီး" ဟူ၍ အလိုမကျ
သံဖြင့် ပြော၏။မျက်မှောင်တို့က တွန့်ချိုးထားဆဲ

"ကျတော် အောင်တယ် အစ်ကို။ကျတော်
ဆယ်တန်းအောင်ပြီ ဘဲကြီးရ"

"ဒါများကွာ"

ဟာ... တုံ့ပြန်ပုံကလည်း။ကျတော်ငိုင်ကျသွားရ
သည်။ကျတော်ကသာ သူ့ကို လှိုက်လှိုက်လှဲလှဲ
ခေါ်ပြောဆက်ဆံတာ သူကတော့ အင်တင်တင်။
စိတ်ပါသလို မပါသလို။

"အကို ပြောပုံကလည်းဗျာ..."

"မင်းအခုမှ သိတာလား??ငါ ညတည်းက မင်း
ကို Mailပို့ပေးထားတယ်လေ"

"ဟင်"

သူပြောမှ ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်
Mail inboxကိုစစ်ရတော့သည်။
ကျတော့် Facebook Viber ဘာညာပေး
တာတောင် သူက စိတ်မဝင်စား။အလွယ်တကူ
photo massageပို့လို့ရတာကို သူက
Emailသာပို့တယ်။ခါတလေ အဲ့လိုလည်း ထူးဆန်းသေး၏။

"ဟာာ ဟုတ်သားပဲ။အစ်ကို ကျတော့်ခုံနံပါတ်ကို
မှတ်ထားပေးတယ်ပေါ့။တစ်ခါပဲပြောမိတာတောင်
မှတ်မိနေတယ်"

"ငါ့ခေါင်းက မမှတ်ထားချင်တာတွေတောင် သူ့အလိုလိုတွေ မှတ်နေလို့။ငါ့စောင်ပေါ်ကဖယ်
စမ်း"

စောင်စကို ဆွဲကာ အိပ်ရာပေါ်မှ အတင်းဖယ်
ခိုင်းသည်။ဆေးရုံတွင် မနေချင်ဘူးဆိုကာ ဆင်း
လာပေမယ့် နှစ်လတည်းနဲ့တော့ သူ လမ်းကောင်း
ကောင်းမလျှောက်နိုင်သေး။ချိုင်းထောင့်အားကိုး
နေရတုန်း။

ချိုင်းထောက်ကို လက်လှမ်းနေသော သူ့ပုခုံးကနေသွားတွဲတော့ လက်မခံ။သူ့ဘာသာသူသာ ရေချိုးခန်းထဲ ဝင်သည်။

ချော်တွေဘာတွေလဲမည်ဆိုးရင် အနောက်ကနေ
လိုက်သွားကာ သွားတိုက်ဆေးထည့်ပေး Facial formဗူးယူပေးတာလည်း မကြိုက်ချင်
အရာရာသူ့အားသာ သူကိုးချင်နေတာကခက်၏

ဗီဒိုထဲမှ အဝတ်အစားထုတ်ပေးထားတာကိုကြည့်
ပြီး

"ယောကျာ်းဖြစ်ပြီး မိန်းမအလုပ်တွေ မလုပ်စမ်း
နဲ့" တဲ့

ကျတော်ရယ်ပြရင်းသာ ဆွယ်တာအကျီ င်္ကို မရ
မကလှန်ချွတ်နေသော သူ့ကိုသာ သွားကူပေး
လိုက်သည်။

SOULWhere stories live. Discover now