အိမ်​ထဲကို လူ​ရောက်​​တော့မှ အလိုလိုလင်းလာ​သော မီးများ...။

" ကျွန်​​တော်​ နတ်​ပြည်​ကိုများ​ရောက်​​နေတာလား "

" over မလုပ်​နဲ့ကွာ...
မင်းလို drama ရူးက
ဒီထက်​ကြီးကျယ်​တာ​တွေကိုလဲ မြင်​ဖူး​နေမှာပဲ... "

အ​ပေါက်​တွင်​ ပိတ်​ရပ်​ကာ အဆန်းတကြယ်​ဖြစ်​​နေ​​သော Baekhyunကို...သူ တွန်းတိုက်​ရင်း အထဲကိုဝင်​သွား၏...။

သူ ​ပြောသလို...ဒီထက်​ပိုကြီးကျယ်​ခမ်းနားလွန်းသော အပြင်​အဆင်​​တွေကို Baekhyun မြင်​ဖူးတာ​ပေါ့။ သို့​ပေမယ့်​... ခံစားချက်​ခြင်းက​တော့ တကယ်​ခြားနားသည်​...၊ အခုအိမ်​အတွင်းအပြင်​အဆင်​က တန်​ဖိုးကြီးပစ္စည်း​တွေကို သုံးထားလို့ အထင်​ကြီးစရာ​ကောင်း​နေတာမျိုးမဟုတ်​ဘဲ...သူ့အလိုလိုကို မာန်​​ဆောင်​​နေတာမျိုး...၊ သူတို့သခင်​ Park Chanyeolအသွင်လိုမျိုး...။

အကုန်​လုံးကို ခြုံကြည့်​ရရင်​ အတွင်းဒီဇိုင်းအ​ရောင်​က ​မြေအုတ်​ခဲ​ရောင်​ဘက်​ကို နွယ်​​နေခြင်းဖြစ်​သည်​။

" အရမ်း ကျက်​သ​ရေရှိတယ်​... "

" ဘာက ??? "

လက်​က အင်္ကျီကြယ်​သီးကို ဖြုတ်​​နေရင်း ​မေးလာသော သူက... အ​ပေါ်ကုတ်​ကို​တောင်​ ချွတ်​ပြီးသွားပြီပဲ...။

" အိမ်​အပြင်​အဆင်​​ပြောတာ...
အရမ်းကျက်​သ​ရေရှိလွန်းတယ်​... "

ယခုမှမြင်​ဖူးသောသူတစ်​​ယောက်​လို အိမ်​ကိုတစ်​ချက်​အကဲခတ်​ကြည့်​​လိုက်​ပြီးမှ Chanyeol...သူ ပြုံးသည်​...။

" ငါ့သူငယ်​ချင်း​ပြောတာ​တော့...
အ​ရောင်​က မှိုင်းလွန်းတယ်​တဲ့... "

" မှိုင်း​ပေမယ့်​...တည်​ငြိမ်​လွန်းပြီး..............
မြင်​လိုက်​ရတဲ့သူရဲ့စိတ်​ကို ထိန်းချုပ်​လိုက်​သလိုပဲ....
အဲ့လိုအ​ရောင်​​တွေ ကျွန်​​တော်​သိပ်​ကြိုက်​တယ်​... "

အရိပ်​တစ်​မျိုး သူ့မျက်​နှာထက်​ ခပ်​သာသာ ရှပ်​​ပြေးသွားသည်​...။ မြန်​လွန်းသဖြင့်​ ဘာဆိုတာကို​တောင်​ Baekhyun အ​သေအချာမမြင်​မိလိုက်​...၊ သူသည်​လည်း အိမ်​ကြီး၏အရှင်​သခင်​ပီပီ...အ​ရောင်​မှိုင်းနှင့်​ သူ့ကိုယ်​သူ ဖုံးကွယ်​ထားတတ်​သူတစ်​​ယောက်​လား...။

---Yen--- [Complete]Where stories live. Discover now