"ဟာဗျာ ဘာဖြစ်​ဖြစ်​ /က​လေးနဲ့လိုက်​တယ်​/ /ချစ်​စရာ​လေး/တို့ဘာတို့​လောက်​​တော့​ပြောရမှာမဟုတ်​ဘူးလား"

"အင်းပါ ကိုယ်​​ပြောမယ်​​လေ​နော်​"

"​တော်​ပါ သူများ​ပြောမှလိုက်​လုပ်​​ပေးတာ​တွေကို Byun Baekတို့က စိတ်​ကိုမဝင်​စားဘူး"

"လာပါကွာ ခဏက က​လေး​ပြောတဲ့ဖိနပ်​​လေးသွားကြည့်​ရ​အောင်​ပါ"

ငြင်းဆိုသံ​တွေထွက်​မလာခင်​ကြိုပြီး ဆိုင်​ထဲ​ခေါ်သွားလိုက်​တယ်

ဆိုင်​ထဲ​ရောက်​​တော့လည်း ခဏကဂျစ်​​နေတာသူမဟုတ်​တဲ့အတိုင်း တစ်​ရံပြီးတစ်​ရံစီးကြည့်​​​နေ​လေရဲ့

"Yeol ဘယ်​ဟာယူရမလဲ"

Black & White shoeတစ်​ရံ Pink & Whiteတစ်​ရံယူလာပြီး လူကိုလာ​မေး​နေတယ်

ကျွန်​​တော်​သိသားဘဲ ဒီ​ခွေး​ပေါက်​နှစ်​ရံလုံးလိုချင်​လို့လူကိုလာ​မေး​နေတယ်​ဆိုတာ

သူ့အဲ့နှစ်​ရံကိုကိုင်​ပြီး တစ်​လှည့်​စီစမ်းဝတ်​ကြည့်​​နေကတည်းက ဒီက Park Chanyeolက ပိုက်​ဆံရှင်း ပါကင်​ထုတ်​ခိုင်းပြီးသား

ဒါမဲ့စလိုက်​ဦးမယ်

"က​လေးနဲ့​တော့နှစ်​ရံလုံးလိုက်​တာလဲ ဒါမဲ့​တောင်​တက်​ဆို​တော့ black & white​လေးက ပို​ကောင်း​လောက်​တယ်​"

"အင်း​နော်​ ဒါ​ပေမဲ့ ဒီပန်းရောင်​​လေးကလည်းလှတယ်​​နော်​"

ဟင်း ဟင်းနှစ်​ရံလိုချင်​လို့ ​ပြော​နေတာ သိတာ​ပေါ့

"ကိုယ့်​အထင်​ အနက်​နဲ့အဖြူ​လေးက ပိုမလှဘူးလား"

/က​လေးကြိုက်​ရင်​နှစ်​ရံလုံးယူ​လေ/ဆိုတဲ့စကားထွက်​မလာလို့ ဆူပုပ်​သွား​လေရဲ့

စရတာ အရသာကိုရှိလိုက်​တာ😄😄

"Yeol ah"

လာပြီ puppy eyes​လေးနဲ့လာကြည့်​​နေပြန်​ပြီ

"Wae"

"​တော်​ပြီ ဘာမှမဝယ်​​တော့ဘူး ​ရော့"

မသိချင်​​ယောင်​​ဆောင်​ပြီး​မေးလိုက်​လို့ စိတ်​တိုသွားကာ ဖိနပ်​​တွေကို ​​ဆောင့်​​အောင့်​ကာ​ပေးပြီး ထွက်​သွား​လေရဲ့

🐶Puppy Boo🐶Where stories live. Discover now