(Unedited) Seventh Contract

Start from the beginning
                                    

အချင်းချင်း တီးတိုးပြောဆိုနေသော စကားတို့ကိုလည်း ယန်ကျင်းဟွာကြားနေရသည်။

"ဒီ YangMing သခင်လေးက အသက်အငယ်ဆုံးဆို ဟုတ်လား"

"အသက် ၁၀ နှစ်ကတည်းက ဖြစ်တာတဲ့ "

"မင်းတို့ မသိဘူးလား ... သူ အိမ်တော်ရဲ့ အကြီးအကဲနေရာကို ယူတော့ ၁၄နှစ်ပဲ ရှိသေးတယ်လေ"

"ပြီးတော့ အစဉ်အဆက်မှာ သူ့အစွမ်းက အကြီးမားဆုံးပဲတဲ့"

"သူ့ရဲ့ Soul image ဆိုရင်တော့ တကယ့် စွမ်းအားကြီးတဲ့သူပဲ သေချာတယ်"

"Soul image လည်း ငယ်ငယ်ပဲ ရှိသေးတယ်ကွ"

"ငါကတော့ ဒီပွဲကို တက်ရကျိုးနပ်တယ်ဟေ့"

ဝေဖန်တီးတိုးပြောသံတွေကို နားစွင့်လိုက်... သူ့ရှေ့ကနေ ပွဲစင်မြင့်ပေါ်သို့ တက်လှမ်းနေသော ရှီ ကို ကြည့်လိုက်နဲ့ အံ့အားသင့်နေမိသည်။

မူလဝတ်ဆင်ထားတဲ့ ဝတ်စုံအပေါ်မှာ ဇာအဖြူဝတ်ရုံကို ထပ်၍ ခြုံထားသော ရှီ ရဲ့ အသွင်က သူ့အတွက် အရမ်းခမ်းနားလွန်းနေသည်။ အရမ်းကို ဝေးကွာနေသလို ခံစားရသည်။

'တမူရှီ ... မင်းက ဒီလောက်ထိတောင်လား ... ငါမသိတဲ့ မင်းအကြောင်းတွေဘယ်လောက်ထိ ကျန်သေးတာလဲ'

သူ့အတွေးနဲ့သူ မင်သက်နေစဉ် ရှီ က စင်မြင့်ပေါ်မှာ ရပ်တန့်လိုက်ပြီး အသင့်ပြင်ဆင်ထားသော ဓားအိမ်မဲ့နေသည့် ဓားကိုယူလိုက်ကာ မျက်လုံးအစုံမှိတ် အာရုံပြုရင်း _

"ဆန့်ကျင်ဘက် လောကနိယာမ တရားအားလုံး အယိုအယွင်းမရှိ ညီမျှတည်တံ့စေ ... ငါ၏ ဆုတောင်းသံကို ကြားနာရသော သတ္တဝါအပေါင်း အေးချမ်းဆိတ်ငြိမ်ခြင်းကို ပိုင်ဆိုင်ရရှိစေ ..."

တမူရှီ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော ရွှေရောင်အလင်းတန်းများ ... ကြားမှာ လူးလားပြေးလွှားနေသော အပြာရောင် အလင်းတန်းများ ... အဆက်မပြတ် ဆုတောင်းသံများ ...။

အလင်းတို့ဖြာကျပြီးသည့်နောက် ထူးဆန်းစွာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သန့်စင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်အနှံ့ကို ဝေ့ဝိုက်အကဲခတ်လိုက်တော့လည်း အေးချမ်းသာယာ သန့်စင်ခြင်း အငွေ့အသက်ကို ရရှိလိုက်သည်။

Soul Contract (Volume I, MM Translation)Where stories live. Discover now