ရှိုင်းရဲ့ ပြုံးစိစိမျက်နှာပေးကို မြင်လိုက်တော့မှ မီးလျှံလည်း တစ်ချက်ရယ်လိုက်ကာ ရှိုင်းရဲ့ နှဖူးလေးကို ခပ်ဖွဖွ ထုလိုက်သည်။

"အပိုတွေပြန်မေးမနေနဲ့ချာတိတ်.. မင်းငါ့ကိုမှတ်မိတယ်ဆိုတာ ငါသိတယ်.."

"အာ နာတယ်ဗျ.. ခင်ဗျားရဲ့ Vampire အားကြီးနဲ့ အရမ်းမထုနဲ့.."

ကလေးဘဝတုန်းက အမူအယာအတိုင်း လုံးဝ မပြောင်းလဲသော ရှိုင်းကို ကြည့်ပြီးတော့ မီးလျှံ ပြန်နိုးထလာတဲ့နေတုန်းက အဖြစ်အပျက်တွေကိုပင် သတိရသွားမိသည်။

"ကျွန်တော်က ခင်ဗျားကို မြင်မြင်ချင်းမှတ်မိတယ်.. ခင်ဗျားက အခုမှမှတ်မိတယ်.. မတရားဘူး.."

နှဖူးလေးကို လက်ဖြင့် ပွတ်ကာ ရှုံ့မဲ့မဲ့ဖြင့် ပြောနေသော ရှိုင်းကို သေချာကြည့်လိုက်မိသည်။

လွန်ခဲ့သောရှစ်နှစ်ခန့်က ကလေးအရွယ်သာရှိသေးသော ကောင်လေးက ယခုမှု အရွယ်ရောက်လာလေပြီ။ မီးလျှံ ဒီအတောအတွင်း ရှိုင်းနှင့်တွေ့ခဲ့ရသော အဖြစ်အပျက်တွေကို တစ်ခါမှအရေးတယူ ပြန်မစဉ်းစားခဲ့မိသော်လည်း မမေ့ခဲ့တာတော့ အမှန်ပင်။

"မင်းက အခု လူကြီးလေးဖြစ်လာတာဆိိုတော့ ငါက ရုတ်တရတ် မမှတ်မိတာပေါ့.. ဒါပေမယ့် ငယ်ငယ်တုန်းကရုပ်နဲ့ သိပ်မကွာပါဘူး.. ဒါနဲ့နေပါဦး မင်းအခုဘာတွေဖြစ်လာပြန်ပြီလဲ.. ဒီအတောအတွင်း လုံလုံခြုံခြုံမနေခဲ့ရဘူးလား.. မင်းကိုငါ စုန်းကဝေတွေအာရုံမခံနိုင် တဲ့ Amulet (အဆောင်) ပေးခဲ့တယ်လေ.."

မီးလျှံမေးလိုက်တော့မှ ရှိုင်း သြဂတ်စ်တို့အိမ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သတိရသွားကာ သြဂတ်စ်ကို စိတ်ပူသွားမိသည်။

"ကျွန်တော့်ကို ပါပါးက လုံခြုံတဲ့နေရာဆိုပြီးတော့ ဒီကိုပို့ပေးလိုက်တာဘဲ.. ဒီတောထဲကိုရောက်လာပြီး ခင်ဗျားနဲ့တွေ့တာ.."

ချက်ချင်းပင် မျက်နှာလေးက ညှိိုးငယ်သွားလျက် အသံတိုးတိုးလေးဖြင့်ပြောနေရှာသော ရှိုင်းကို ကြည့်ပြီးတော့ မီးလျှံ စိတ်ထဲ သနားသွားမိသည်။

ရှိုင်း အန္တရာယ်ရှိတဲ့အချိန်တိိုင်း လုံခြုံတဲ့နေရာဆိုပြီးတော့ မီးလျှံဆီကို ရောက်ရောက်လာတတ်တာက မီးလျှံဆီမှာရှိနေမှသာလျှင် လုံခြုံနိုင်တယ်ဆိုတဲ့သဘော..။ တစ်နည်းအားဖြင့်ဆိုသော် မီးလျှံကသာလျှင် ရှိုင်းကို လုံခြုံအောင် စောင့်ရှောက်နိုင်တယ်ဆိုသော သဘောဖြစ်သည်။

Star Love (I)Where stories live. Discover now