"YiFan... အဆင်သင့်ဖြစ်ပီလား...''"ဟုတ်ကဲ့...''
ခေါင်းညိတ်လိုက်ပြီးချိန်မှာ မျိုချလိုက်မိသော
တံတွေးတွေသည် လည်ပင်းတစ်လျှောက်နင်ကျသွားစေသည်...။"မသွားနဲ့လို့ဆို မသွားနဲ့....ဟင့်...''
မျက်လုံးတွေကိုမှိတ်ချလိုက်မိတော့
ပေါ်လာခဲ့သော မျက်နှာလေးတစ်ခု...။
မျက်ရည်စတို့စိုလူးနေသည့် နီရဲရဲပါးပြင်လေးတွေ....။"ခင်ဗျားသွားရင် ကျွန်တော်နဲ့အပြတ်ပဲ..
သတ္တိရှိရင်သွားကြည့်လေ.....''သတ္တိရှိသလား...။
ကိုယ့်ကိုကိုယ်ပြန်မေးမိတော့ အဖြေကမသေချာမရေရာ....။တစ်ပါတ်တာ ခရီးတိုလေးတစ်ခုထွက်ရဖို့အရေး အာပေါက်မတတ်ပြောဆိုခွင့်တောင်းခဲ့ရသော်လည်းချစ်သူလေးဆီကခွင့်ပြုချက်မရခဲ့ပါ......။
မသွားခင် ၄ရက်လောက်ကထဲက
အဆက်အသွယ်ဖြတ်တောတ်ထားခြင်းသာခံရသည်....။တစ်ချိန်လုံးအလွမ်းတွေတနင့်တပိုးနှင့်
စိတ်တွေဟာလဲ မွန်းကြပ်နေခဲ့ရသည်....။"Papa...''
"ဘာလဲ...''
အင်္ကျီလဲနေသည့်အခန်းထဲဇွတ်ဝင်ကာ
အမောတကော ခေါ်လိုက်တော့
Papa မျက်မှောင်ကုတ်ကုတ်နှင့်မော့ကြည့်နေသည်....။"ဟိုလေ... ကျွန်တော်မလိုက်တော့....
လို့...ရမလားဟင်...''အတတ်နိုင်ဆုံး အသံကိုဖျော့ချကာ
မျက်နှာကိုငယ်ချရင်း ပြောလိုက်ချိန်တွင်
ရင်ထဲမှာ မီးရထားသံတွေ ဆူညံလို့...။
ဘယ်ချိန်ဇတ်ပိုးပေါ်ကျလာမှန်းမသိသည့်
Papa လက်ကိုလဲ ကြည့်နေရသေးသည်..။"ဘာ...''
"ဟိုလေ...ကျွန်တော်မလိုက်ချင်တော့ဘူး...''
".ဒုတ်..''
"အား...''
ခြေသလုံးရိုးဆီမှ အသဲခိုက်မတတ်နာကျင်သွားခြင်းကို လက်ခံလိုက်ရသည်...။
"ဘာစကားပြောတာလဲ..
Wu YiFan... ပြန်ပြောစမ်း...
အခုလေဆိပ်သွားဖို့ မင်းရောငါရောပြင်ပီးနေပြီနော်....''ဟုတ်တော့ဟုတ်တယ်.....။
ကျွန်တော်အပေါ်ကုတ်ထပ်ဝတ်ဖို့ပဲ လိုတော့တာ....။အေးချင်လာသော လက်ဖျားတွေကို
အသာဖိညှစ်လိုက်မိရင်း....။