(Unedited) Sixth Contract

Começar do início
                                    

"ခွီး !! ဘေဘီလေးရယ် ...ပေါက်ကရတွေ မပြောစမ်းပါနဲ့ ... ကိုကို့နားလာဦး လာ ...ဒီ ကြာရွက်ထီးလေးက ဘယ်သူလုပ်ပေးတာလဲ"

ယန်ကျင်းဟွာအတွေးထဲမှာ ဒီကလေးမကို တမူအိမ်က အမှုထမ်းတစ်ဦးရဲ့ သမီးလို့ထင်လိုက်မိသည်။

"ဘာမေးလိုက်တယ်!!"

"လူကြီးကို ပြန်မအော်ရဘူးလေ... ဖေဖေနဲ့မေမေက အလုပ်မအားလို့ သေချာမဆုံးမဖြစ်ဘူး ထင်တယ်"

ခေါင်းလေးကို ပုတ်ပြီးပြောလိုက်တဲ့အခါ မြေနတ်သမီးဟွာယု ဒေါသငယ်ထိပ်ဆောင့်တက်သွား၏။

"ဒီမှာ Soul image !! နင့်နာမည်ပြောစမ်း!!"

"မရိုမသေမေးပြန်ပြီ ... ယန်ကျင်းဟွာတဲ့ ... လာ ... စောင်ခလေးမလေး နင့်အခန်းဘယ်မှာလဲ ...ကိုကိုပြန်လိုက်ပို့မယ် ... အား !!!"

နေရာကနေ ဘေးကို ခြေတစ်လှမ်းလောက်အရွေ့မှာပဲ စည်းချထားသောကြောင့် သူ့အသားတွေ ပူခနဲခံစားလိုက်ရသည်။

"ရော် ... တမူရှီက မင်းကို စည်းတွေနဲ့ တားထားတာပဲ"

နောက်ထပ်အသံတစ်သံထွက်လာရာ သူကြည့်မိတဲ့အခါ ဆံပင်ရှည်အနီရောင်နဲ့ လူလိုလို မိစ္ဆာလိုလိုကို မြင်လိုက်ရသည်။

"ခင်ဗျားက ဘယ်သူလဲ...လူမဟုတ်တာတော့ သေချာတယ်"

"သခင်ကြီးယင်ကြွယ်ကိုတောင် နင်မသိဘူးလား! ဒီတောအုပ်ရဲ့ ဘုရင် ..အံ့ပါရဲ့... ဝိညာဉ်လောက ဆိုင်ရာ အထွေထွေဗဟုသုတ မရှိလိုက်တာ"

လက်ထဲက ကြာရွက်ထီးကို ပိတ်ပြီး ယန်ကျင်းဟွာခေါင်းကို ခုန်ကာ ခေါက်လိုက်၏ ။

"ငါ သေတာ မနေ့ကမှကွ !! ဘယ်လိုလုပ် တန်းသိမှာလဲ"

ပြန်အော်လိုက်တဲ့အခါ ဟွာယုက ခါးထောက်ကာ ထီးနဲ့ရွယ်လိုက်ရင်း _

"ယဉ်ကျေးစမ်း ယန်ကျင်းဟွာ ... ငါ့အသက်က နင့်အဘိုးထက်တောင် ကြီးတယ်"

ထို ယင်ကြွယ်ဆိုသူက တဟားဟား အော်ရယ်လိုက်ရင်း သူတို့နှစ်ယောက်ကြားရောက်လာသည်။

"ဟားဟားဟား !! ငါ ပြောသားပဲ ... Soul image က ငတုံးပါဆို ...ဟွာယုလေးအခုတော့ ယုံပြီမဟုတ်လား"

Soul Contract (Volume I, MM Translation)Onde as histórias ganham vida. Descobre agora