"တင်းးးတောင်" (bell rings)

စိတ်ဆတ်နေတာကြောင့် မြည်လာတဲ့ bell သံကိုအပြစ်တင်ကာတံခါးကိုအမြန်ဖွင့်လိုက်တယ်

တံခါးဝမှာရပ်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့မျက်နှာတို့ကကျနော့်ကိုမြင်တော့ကြောက်ရွံ့သွားတဲ့ပုံလေးတွေဖြစ်သွားတယ်

လက်ထဲက မုန့်ထုပ်အလီလီတို့ကလည်းကျနော့်ဒေါသအောက်မှာအရည်ပျော်သွားသလိုလို....

"annyeong"

အတန်ကြာအောင်ကျနော်ရော သူတို့ရောငြိမ်သက်နေရင်းကနေ သူတို့ကကျနော့်ကို 90• bow လေးတွေနဲ့နှုတ်ဆက်လာကြတယ်

အဲ့ကောင်လေး၂ယောက်ကတော့ တခြားသူတွေမဟူတ်။ ကျနော့်ညီ Renjun နဲ့သူ့ကောင်လေး canada သား Mark တို့

ဘယ်ကနေဘယ်လိုကျနော့်ကျောင်း၊ ကျနော့်အဆောင်ကိုရောက်လာမှန်းမသိတဲ့ ဒင်းတို့အတွဲကကျနော့်ရှေ့မှာမျက်နှာငယ်လေးတွေနဲ့။

ကျနော့်ရဲ့အငြိုအငြင်ကို အချစ်ကြောင့်ကျေကျေနပ်နပ်ကြီးလက်ခံသွားတဲ့ကျနော့်ရဲ့ညီက အခုတော့ကျနော့်ရဲ့ဒေါသကိုထပ်ဆွဖို့အတွက် သူ့ကောင်လေးနဲ့ကျနော့်ရှေ့ကိုထပ်ရောက်လာခဲ့တယ်

နှင်ထုတ်ချင်ပေမယ့်လည်းမကောင်းတတ်လို့ ကိုင်ထားတဲ့တံခါးဘုလုံးကိုလွှတ်ပေးလိုက်ပြီး ကျနော်အခန်းထဲဝင်သွားလိုက်တယ်

ကျနော်အထဲဝင်တော့သူတို့လေးတွေကလည်းဖိနပ်လေးတွေချွတ်ပြီး အထဲကိုလိုက်ဝင်လာတယ်

ခြေသံမကြားသောသူတို့ရဲ့ခြေလှမ်းတို့ကမြန်တယ်လို့ဆိုရမလား

ကျနော်လှည့်ကြည့်လိုက်တော့သူတို့က ခုံပေါ်မှာတောင်ထိုင်နေပြီ တံခါးလည်းပြန်ပိတ်အပြီး

တိတ်ဆိတိငြိမ်သက်နေသောအခန်းထဲမှာ ကျနော့်ညီနဲ့သူ့ကောင်လေး၂ယောက်ကပူးကပ်စွာထိုင်နေတယ်

ကျနော်ကတော့ ကျနော့်စာကြည့်စားပွဲကိုရှင်းလင်းရေးလုပ်နေလိုက်တယ်

ကျနော်မမြင်ချင်ဆုံးသောမြင်ကွင်းကဒီမြင်ကွင်းဆိုတာကိုသိလျက်နဲ့ သူ့ကောင်လေးကိုပါခေါ်လာတဲ့အထိမိုက်မဲတဲ့ renjun ကိုကျနော်လှည့်စကားပြောစရာမလိုသလို သူ့ကောင်လေးကိုလည်းဧည့်သည်အဖြစ်သတ်မှတ်ပြီး ဧည့်ခံစရာမှမလိုတာ

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Donde viven las historias. Descúbrelo ahora