အပိုင်း-၁

2.2K 54 0
                                    

ကြည်လဲ့နေတဲ့ ရေပြင်ကျယ်ကြီး သီချင်းဆိုနေတဲ့ ငှက်ကလေးများရဲ့ အသံတွေနဲ့ သာယာလှတယ်
ဒါပေမဲ့ စိမ်းစိုအုပ်မှိုင်းအရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်တွေ
ထဲမှ သစ်ပင်တပင်အောက်မှာ မျက်နှာမကောင်းစွာနဲ့
ရပ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေး
သူတို့က ရှိန်းလင်းပိုင်နဲ့ မေဘရာဏီတို့ပင်

ဘာလို့လဲ ကိုယ်ဘာမှားလို့ မင်းလမ်းခွဲချင်တာလဲ ဘရာဏီလို့ ကောင်လေး စိတ်မကောင်းစွာ မေးလိုက်တယ်😰

သူအတွက် လမ်းခွဲမယ်ဆိုတဲ့ စကားက သေမိန့်ပေးခံလိုက်ရသလိုပင် သူတို့တွဲခဲ့တာ ၁၀နှစ်မက အဆင့်တွေလဲ ကျော်လွန်ခဲ့ပီးမှ ဒီစကားက သူကို သေမိန့်ချလိုက်တယ်🔫🔫

ရှိန်းမမှားပါဘူး တို့က မိဘပေးစားသူနဲ့ လက်ထပ်ရတော့မယ် တို့သမီးဆိုးမဖြစ်ချင်ဘူး တို့လက်ထပ်မဲ့သူကလဲ ကုမ္ပဏီပိုင်ရှင် သူဌေးတယောက်ပေါ့ နာမည်က ကျော်စွာတဲ့တို့ခေါင်းငြိမ့်ခဲ့တယ် ရှိန်း…လို့ သူမကလဲ စိတ်မကောင်းပုံနဲ့ ပြောနေတယ်

အဲလို အပြောများက သူကို ဓားတချောင်းနဲ့ မွန်းခံလိုက်တယ်🔪🔪 သူအားတင်းကာ *လက်မထပ်လို့ မရဘူးလား ဘရာဏီ ကိုယ်လဲ နင်ကို လက်ထပ်နိုင်ပါတယ်ဟ ဘာလဲ ကိုယ်က သူဌေးသား သူက သူဌေးမို့လား မင်း ကိုယ်တို့တွဲခဲ့တဲ့ နှစ်တွေ သံယောဇဉ်တွေ အမှတ်တရတွေကို မင်းမေ့နိုင်သလား ကိုယ်ကို ပြန်ဖြေပါအုံးကွာ*လို့ ပြောရင်း သူ့ပါးပြင်မှာ မျက်ရည်စများ ကြောက်ခြားမှုများနဲ့ ဘရာဏီလက်ကို တင်းကြပ်စွာ ကိုင်လှုပ်ရင်း မေးလိုက်တယ်😢😢

ဘရာဏီ ရှိန်းလက်ကို စွဲဖယ်ရင်း *တောင်းပန်ပါတယ် ရှိန်း ငါလဲ စိတ်မကောင်းပါဘူး ရှိန်း နင်က ရန်အမြဲဖြစ်ပီး ဆိုးတာကို ငါအိမ်က နင်နဲ့ ဘယ်သဘောတူပါမလဲ ရှိန်း*လို့ သူမ မျက်ရည်စများနဲ့ ပြောလိုက်တယ်

*ကိုယ်ဆိုးတာ ရန်ဖြစ်တာ မှန်ပါတယ်ကွာ ဒါပေမဲ့ ကိုယ်ဘဝမှာ မင်းပဲ ရှိတာ မင်းအပြင် နောက်ထပ်ကောင်မလေးဆိုတာ ရှိမှာ မဟုတ်ဘူး တောင်းပန်ပါတယ် ဘရာဏီရာ ကိုယ် ပြင်ဆို ပြင်ပါမယ်ကွာ ကိုယ်ကို ထားမသွားပါနဲ့*😭 ဟုတ်ပါတယ်လေ ခွန်အားဗလ သူထက်၁၀ဆကြီးတဲ့သူတောင် သူစိန်ခေါ်ပီး ထိုးရဲတယ်😎 ခုတော့ သူ မိန်းကလေးတယောက်ကြောင့် ကြောက်လန့် ငိုနေရပီ မဟုတ်ပါလား😭

My Lovely WifeWhere stories live. Discover now