Epi - 24

12K 1K 40
                                    

Bad boy

Epi - 24

" အချစ် ပင်ပန်းနေပီ ထားလိုက် ။ ကျွန်တော် ရှင်းလိုက်မယ် ။ ခွေးကောင်တွေ စောင်ကျင့်ကိုမကောင်းဘူး "

ကဲတုန်းကကျကဲကြပီး ပြန်တော့ကျ သူတို့ ရှုပ်ဖွထားခဲ့သမျှ ပြန်မရှင်းဘဲ အလျှိုလျှိုထွက်သွားကြတဲ့ ဟိုလေးယောက်ကို Sehun ပွစိပွစိ ကျိန်ဆဲနေသည်ကို ကြည့်ရင်း ကျွန်တော် ခပ်ဟဟရယ်မိသည် ။

အဲ့လို ပွစိပွစိပြောနေသည်က အလွန်တရာချစ်ဖို့ ကောင်းနေသည်ကိုး ။

ဧည့်ခန်းက ပန်းကန်တွေကို သိမ်းရင်း မီးဖိုခန်းထဲဝင်သွားတဲ့ Sehun ကိုကြည့်ရင်း နေ့ လည်က ကျောင်းပြန်တက်ဖို့  Chanyeol ပြောသွားတဲ့စကား Sehun ကို ပြောပြရဦးမည် ။ ကျောင်းပြန်တက်ဖို့  သူကြောက်နေမလား ? အကြာကြီး ပျောက်နေခဲ့တဲ့သူ ပျောက်ရတဲ့အကြောင်းကလဲ ကျောင်းကကိုယ့်ဆရာကို ခိုးပြေးခဲ့တာဆိုတော့ ကျောင်းကလူတွေရဲ့ တုံ့ ပြန်မှုကို Sehun ခံနိုင်ရည်ရှိပါ့မလား ။ Chanyeol က စိတ်မပူနဲ့လို့  ပြောပေမဲ့ စိတ်မပူလို့ ရမလားနော် ... ကျွန်တော့ချစ်ရသူ စိတ်အနှောင့်ယှက်ဖြစ်မဲ့ ကိစ္စတွေ ဖြစ်မလာပါစေနဲ့လို့ သာ ဆုတောင်းရတော့မည် ။

" Sehunna "

ပန်းကန်ဆေးနေတဲ့ သူ့ ခါးကိုနောက်ကနေဖက်ရင်း နောက်ကျောဆီသို့  ခေါင်းတိုးဝင်တော့ သူယားလို့ ထင် အသံထွက်ကာ ရယ်လို့ ။😅 အင်းပေါ့ နောက်ကျောမှာ မျက်နှာမအပ်ပဲ ခေါင်းကြီးနဲ့တိုးနေတာဆိုတော့ ကျွန်တော့ဆံပင်တွေနဲ့ ယားမှာပေါ့ ... 😉

" ဗျာ ကိုယ့်အချစ်ပြောလေ ။ ဘာပြောမို့ လဲ ? "

" မနက်ဖန် ကျောင်းတက်တော့မလား "

" အင်း တက်လေ ။ အချစ် တက်ချင်ပီလား ? ကျွန်တော်က အဆင်သင့်ပဲ "

" အဲ့လိုတော့လည်း မဟုတ်ပါဘူး ။ Chanyeol က ပြောလို့  "

" ဟုတ်တော့လည်း ဟုတ်တာပဲ ... ကျွန်တော်တို့  ကျောင်းပျက်တာ များပီလေ ။ ခင်များက ဆရာဆိုတော့ ကျောင်းပျက်ရက်များနေတာ ဘယ်ကောင်းမလဲ "

" ကိုယ်က မင်းကိုစိတ်ပူလို့  "

ခါးကို တင်းကြပ်စွာ ပိုမိုဖက်ကာ တွေးတွေးဆဆလေးပြောမိတော့ သူက လက်အိတ်ကိုချွတ်ရင်း ကျွန်တော့ဘက်လှည့်လာကာ ပါးလေးကို သူ့ လက်နှစ်ဖက်နဲ့ ညင်သာစွာကိုင်ရင်း မျက်လုံးတည့်တည့်သို့  စိုက်ကြည့်ကာပြောလာသည် ။

Bad boy ( Completed ) Where stories live. Discover now