"က​လေး..."

ထပ်​မံ၍​မာ​ကြော​သော​လေသံနှင့်​​ခေါ်ပြီး စကားဆက်​ရန်​ပြင်​​နေစဉ်​တွင်

"ဟင့်​"

ကိုယ်​​လေးတုန်​လာ၍ ရှိုက်​သံ​လေးထွက်​လာ​သော​ကြောင့်​ လူကပျာယာ​တွေခတ်​ကာ ​ခြေမကိုင်​မိ လက်​မကိုင်​မိဖြစ်​လာ​လေသည်

ထို့အတူ ​က​လေးကို​အော်​မိ​သော​ကြောင့်​ ​​နောင်​တလည်းရလာ​လေသည်

"က​လေး က​လေး~~"

ခေါ်​နေ​သော်​လည်း စကားပြန်​မရ

ထို့ပြင်​ ခါတိုင်းဆိုလျှင်​လူကိုထုရိုက်​ကာ​ပေါက်​ကွဲပြီးငိုတက်​​သောက​လေးက ယခုမူ ဖုန်းကိုစိုက်​ကြည့်​​နေဟန်​ဖြင့်​ မျက်​ရည်​ကျကာ ကြိတ်​ငို​နေသည့်​က​လေး​ကြောင့်​ ​ပို၍​နောင်​တရလာ​လေသည်

"က​လေး ကိုယ်​​. ကိုယ်​​တောင်းပန်​ပါတယ်​က​လေးရယ်​"

က​လေးကို ရင်​ခွင်​ထဲဆွဲသွင်း၍ ​တောင်းပန်​စကားဆိုကာ ​ချော့မြူလိုက်​​သော်​လည်း ရင်​ခွင်​ထဲမှာ ​Puppy​ပေါက်​​လေး​တွေလို တအီအီ ငို​နေ​သေး​သည်

လူကြားထဲမှန်းသိ​ပေမဲ့ ဂရုမစိုက်​နိုင်​​ က​လေး ကိုလက်​ထပ်​ရယူပြီးကတည်းက ကျွန်​​တော့်​ဘဝမှာ အရာရာ က​လေးက ပထမ ပတ်​ဝန်းကျင်​ကိုဂရုမစိုက်​​တတ်​​တော့​ပေ။

"က​လေး ကိုယ်​​တောင်းပန်​ပါတယ်​​နော်​ မငိုနဲ့​တော့​နော်​ ​ခေါင်းကိုက်​လိမ့်​မယ်​"

"......."
.
.
.
.
.
.
ချော့မရတဲ့အဆုံးငိုပါ​စေ​တော့ဟုလွှတ်​ထားလိုက်​ကာ က​လေးကိုယ်​​လေးကိုဘဲ တင်းကြပ်​စွာဖက်​ထားလိုက်​တယ်​ ဆံပင်​​လေး​တွေနသယ်​စပ်​​လေး​တွေကိုနမ်းကာ ​တောင်းပန်​စကားသာအထပ်​ထပ်​ဆို​နေမိသည်

ခဏကြာ​တော့ အင်္ကျီစကိုလာ​ရောက်​ဆုပ်​ကိုင်​တဲ့က​လေး​ကြောင့်​ ဖက်​ထားတာကိုလွှတ်​ပြီး မျက်​နှာချင်းဆိုင်​​လိုက်​တာ ပါး​ပေါ်က မျက်​ရည်​​တွေကိုသုတ်​​ပေးပြီး နှဖူး​လေးကိုနမ်းလိုက်​ကာ

"ရှေ့ကဆိုင်​ထဲသွားရ​အောင်​​နော်​"ဟု​ပြောလိုက်​မိတယ်

🐶Puppy Boo🐶Where stories live. Discover now