သူ့မျက်နှာလေးကို လက်နဲ့ကိုင်ရင်း သေချာလေးတပ်ပေးမိ
တယ်...နဂိုတောက်ပနေတဲ့ သမင်မျက်ဝန်းက...မျက်ကပ်
မှန်အပြာလေးနဲ့ လိုက်ဖက်စွာ...မျက်ကပ်မှန်တပ်ပေးပြီးသည့်တိုင်အောင်...သူ့မျက်နှာလေး
ကို ငုံကြည့်နေမိတယ်...သူလည်း ကျွန်တော့်လိုပင်။~~
~~နူးညံ့တယ်...ချိုမြတယ်...အသည်းထဲထိ စွဲထင်စေတယ်...
အလိုက်သင့်တုံ့ပြန်နေတဲ့ ချယ်ရီရောင် နှူတ်ခမ်းလေး...သူ့ခံတွင်းလေးထဲ ၀င်ခွင့်တောင်းပြန်တော့ တွန့်ဆုတ်ခြင်းမရှိ
ဝင်ခွင့်ပေးတယ်...ပူနွေးနွေး အထိတွေ့က...ရုန်းမထွက်ချင်
လောက်အောင်ပင်...အပေါ်နှူတ်ခမ်းလေးကို တစ်ချက်စုတ်
ရင်း အနမ်းတို့ကို အရှိန်သက်မိတယ်...'hnm~~´
ဟစိ...ဟစိဖြစ်နေတဲ့ သူ့နှူတ်ခမ်းလေး...မျက်လုံးလေးမှိုတ်
ကာ အမောဖြေနေတဲ့...သူ။ ဒါဟာဘယ်လိုတောင် ရုပ်သွေး
ကြွတဲ့ ပုံစံလဲ?...အကြည့်တို့ မခွာချင်လောက်အောင် စွဲမက်
စရာ ကောင်းလွန်းလှသည်။'မောသွားလား´
'ဖယ်ဗျာ´
သူ့ကိုယ်လုံးလေးနဲ့ တွန်းတိုက်ရင်း ထွက်မယ်အလုပ်...သူ့ခါး
လေးကို တင်းကျပ်စွာ ဖက်ထားလိုက်တယ်။ ရင်ခွငိထဲမြုပ်နေ
တဲ့သူ့ကို အပေါ်စီးကနေ အုပ်မိုးရင်း နမ်းရတဲ့ အခိုက်အတန့်
လေးကို သဘောကျတယ်။'ဖယ်ဆိုဗျာ!´
'မရှက်ပါနဲ့ Babeရာ ကိုကဖြင့် Babe တစ်ကိုယ်လုံးကို
မှတ်မိနေပြီ ဟာပဲ´'ဟာ ခင်များနော် စောစောစီးစီး!!´
'ကလေးရာ´
ကို့အပေါ်လဲ အခုလို ဖြူဖြူစင်စင်လေး ချစ်ပေးရင် သိပ်
ကောင်းမှာပဲ...ကို ကလေးကို အပြစ်မမြင်ရက်ပါဘူး...
ဒါဟာ ကိုလုပ်ခဲ့တဲ့ ပန်းချီကား တစ်ချပ်ပဲလေ...
YOU ARE READING
Poison EGO
Fanfictionတစ်ခါတစ်ရံမှာ အတ္တတွေက အဆိပ်ဖြစ်သွားတတ်ပြီး တစ်ခါတစ်ရံမှာ အတ္တတွေက ချိုမြိန်ခြင်းဖြစ်သွားတတ်တယ် ❤❤❤ #HunHan👑 #B×B👬
Eleven
Start from the beginning