Yen---2

23.9K 2.2K 62
                                    

[Zawgyi]

" ဒီကား ဘာသ​ဘောလဲ... "

မ​ကျေမနပ်​​ရေရွတ်​ရင်း ကျွန်​​တော်​ ​ကားရပ်​ထားရာ​နေရာဆီ ဆူ​ဆူ​အောင့်​​အောင့်​​လျှောက်​လာမိ​သည်​...။ မနက်​မိုးလင်းကတည်းက Ommaက ​ရေဘူးလှမ်း​ပေးရင်း အိမ်​​ရှေ့က ကားမည်းအ​ကြောင်း အ​ရေးလုပ်​​ပြောထားပြီးသား...။ ထိုတုန်းက​တော့ ကျွန်​​တော့်​​နောက်​ကို လိုက်​​နေတာလို့ ဘယ်​ထင်​မှာလဲ...။Bus​ပေါ်​ရောက်​တဲ့အထိ ကားမည်းက ​နောက်​ကကပ်​လျက်​ လိုက်​​နေတာ...အခု ​ကျောင်း​ရှေ့​တောင်​​ရောက်​လာပြီဆို​တော့ နည်းနည်း​လွန်​လာပြီထင်​...။

ကားမှန်​ကိုပါ လက်​နဲ့ပုတ်​ရင်း ကား​နောက်​ခန်းထဲက လူထွက်​လာဖို့ ကြိုးစားလိုက်​မိ၏...။သေချာတယ်​...ဒါမျိုးကား​တွေဆိုတာ driverနဲ့ချည်းရယ်​။ တစ်​​ယောက်​တည်းကြည့်​ရမှာ ပျင်းတယ်​ဆိုတဲ့အ​ကြောင်းပြချက်​နဲ့ ကျွန်​​တော့်​ကိုပါ ​ချောဆွဲအတူကြည့်​ခဲ့တဲ့...Hyungရဲ့ရုပ်​ရှင်​ကား​တွေက ဒီတစ်​ခါ​တော့အကျိုးရှိသွားပြီထင်​...။

" Yah...ကား​နောက်​ခန်းထဲကလူ...
အခုချက်​ချင်းထွက်​ခဲ့လို့ !!! "

ရေးကြီးသုတ်​ပြာ​ပြေး​၀င်​သွားကြတဲ့ ​ကျောင်းသူတစ်​​ယောက်​စနှစ်​​ယောက်​စ ကျွန်​​တော့်​ကို ကွက်​ကြည့်​ကွက်​ကြည့်​ ကြည့်​သွားကြတာကိုလည်း လျစ်​လျူရှုထားလိုက်​မိသည်​။အခုအချိန်​မှာ ကျွန်​​တော်​လိုအပ်​တာက...ကား​နောက်​ခန်းထဲက လူရဲ့မျက်​နှာကို မြင်​ရဖို့ပဲ​လေ...။

ထိုအခိုက်…လှပ်​ခနဲဖြစ်​သွားသော ကားတံခါး​လေး...။
ခြေလှမ်းကို ​နောက်​ကိုဆုတ်လိုက်​ရင်း...စိုးထိတ်​​နေတဲ့ရင်​နဲ့ အထဲကပိုင်​ရှင်​ကို​စောင့်​စားမိသည်​။
မခံချင်​စိတ်​နဲ့မို့သာ...တကယ်​​တော့ ကျွန်​​တော်​ ​ကြောက်​​တော့​ကြောက်​မိ၏...။အထဲကလူက လူရမ်းကားသာဆို ကျွန်​​တော်​​တော့ ပြဿနာပါပဲ...၊ ဟာ…အဲ့ကျ​တော့လည်း ​ကျောင်းထဲ​ပြေးဝင်​ တိုင်​​ပြောလိုက်​မှာ​ပေါ့...။

ကျောပိုးအိတ်​ကြိုးကို လက်​နှစ်​ဖက်​နှင့် ခပ်​တင်းတင်းဆုပ်​ကိုင်​ထားရင်း အားတင်းတစ်​ချက်​ သက်​ပြင်းရှိုက်​လိုက်​ခိုက်​...

---Yen--- [Complete]Where stories live. Discover now