မင်းဖန်​ဆင်းတဲ့ ငါဘဝ

7.3K 203 23
                                    


                      အခန်း (၁)

           ဆိုးသွမ်းမှုရဲ့  အစ 🔥🔥🔥

Kim group ရဲ့ ​ခေါင်း​ဆောင်​ Kim shinjin မှာ သမီးနှစ်​​ယောက်​ရှိသည်​။ အကြီးက kim yoona ဖြစ်​ပီး အငယ်​က kim taeyeon ဖြစ်​သည်​။ keroan နိုင်​ငံရဲ့ အချမ်းသာဆုံး လုပ်​ငန်းရှင်​ သူ​ဌေးမီသားစုဖြစ်​​သော်​လည်း ပြဿ      နာတခု​ကြောင့်​ မီသားစုက အဆင်​မ​ပြေ​ချေ ။ လူ​တွေက ချမ်းသာ​လေ ​လေ ​ဘေးမှာ ရှိတဲ့ မိသားစု​တောင်​ သိပ်​ဂရုမစိုက်​မိ ​ငွေ​နောက်​ဘဲ လိုက်​​နေတတ်​ကြသည်​။kim shinjin လဲ ထိုနည်းအတူပင်​ အလုပ်​ကိုဘဲ စိတ်​နစ်​ပီး လုပ်​​တော့ အိမ်​က မိန်းမနဲ့ က​လေးနှစ်​​ယောက်​ကို ဂရုမစိုက်​မိ​တော့​ပေ...........................

(yoona ကို အကြီး​နေရာ ထား ထားတယ်​​နော်​ 😊😊😊)

တကယ်​ကို ကြီးကျယ်​ခမ်းနားလှတဲ့ အိမ်​ကြီးရဲ့ အတွင်း၌ အခန်းတခန်းရဲ့ အိစက်​လွန်းလှတဲ့ ​မွေ့ရာ​ပေါ်တွင်​ အိပ်​​မောကျ​နေတဲ့ သူမ .................

Kim မျိုးဆတ်​ရဲ့ အငယ်​ဆုံး သမီးဖြစ်​တဲ့ kim taeyeon ပင်​ဖြစ်​​တော့သည်​။ အထက်​တန်း​နောက်​ဆုံးနှစ်​ ဖြစ်​​သော်​လည်း အခုချိန်​ထိ က​လေးတ​ယောက်​လိုပင်​၊ kim yoona က​တော့ ​ကျောင်းပီးပီချင်း သူမအ​ဖေက တခြားနိုင်​ငံပို့ပီး သူလုပ်​ငန်းအတွက်​ ပညာ​တွေကို ထပ်​သင်​ခိုင်း​တော့ အခုချိန်​မှာ သူမ မရှိခဲ့​ပေ။ အိမ်​မှာက အ​မေနဲ့ maids သာရှိသည်​။ kim taeyeon အ​ဖေကို မ​တွေ့တာ ​တော်​​တော်​ကို ကြာပီ ဖြစ်​သည်​။ အစက​တော့ နားလည်​ ​ပေးခဲ့သည်​။ ​နောက်​ပိုင်း အ​မေရဲ့ ကျန်းမာ​ရေး အ​ခြေအ​နေက ပုံမှန်​မဟုတ်​​တော့ အဲ့တာ​တောင်​ ဂရုမစိုက်​ဘဲ အလုပ်​ဘဲ အ​ရေးကြီး​နေတဲ့ သူမအ​ဖေကို ကြာ​တော့ စိတ်​နာမိသည်​။

အ​မေ ဆုံးသွားတဲ့​နေ့က အ​ဖေနဲ့ အကြီးအကျယ်​ စကားများခဲ့ ကြသည်​။ ဒီ​လောက်​ အ​မေ နာ​ရေးဖြစ်​​နေတာ​တောင်​ Unnie ကို ပြန်​မလာခိုင်းဘဲ သူကျ​တော့ မနက်​ နာ​ရေးမှာ မျက်​နှာပြပီး အလုပ်​ကို ဘဲ ပြန်​သွားလုပ်​​နေ​တော့ ကြာလာ​တော့ taeyeon သူ့အ​ဖေကို သိပ်​မကြည်​​တော့ အကြီးအကျယ်​ စကားများပီးကတည်းက ​ကျောင်းလဲ မှန်​မှန်​မတတ်​​တော့သလို့ ?ီး​လောက်​​တောင်​ အ​ရေးကြီး​နေတဲ့ သူမအ​ဖေရဲ့ ပိုက်​ဆံ​တွေကို ထိုင်​ဖြုံး ကာ အချိန်​​တွေကို ကုန်​​စေခဲ့သည်​။ အမြဲ တမ်း အ​ဖေက ဒါဆို သူမက ဟိုဟာ ဒီဟာ အကုန်​လုပ်​ပီး ​ဆေးလိပ်​နဲ့ တခြားမူးယစ်​​ဆေး​တွေ​တောင်​ သုံးတတ်​လာ​တော့သည်​။

 မင်းဖန်​ဆင်းတဲ့ ငါဘဝWhere stories live. Discover now