ဆန့်တန်းလာတဲ့ ချစ်ရသူလက်နှစ်သွယ်ကို ဆွဲယူနမ်းရှုံ့လိုက်တယ်...Babeကလေ ကျွန်တော့်ကို
ဘယ်တော့မှ နာမည်မခေါ်ဖူးဘူး

ဒူးအောက်ကနေ လက်လျှိုသွင်းလိုက်ပြီးမချီလိုက်တော့
လက်အစုံက လည်ပင်းကိုသိုင်းဖက်လာတယ်...

Babe

ခလေး ထမင်းမစားသလိုပဲ ပေါ့လိုက်တာ ဂရုစိုက်ပြီးကျွေးအုန်းးမှပဲ

'Babe ရေချိုးတော့နော် ကိုအောက်က
စောင့်နေမယ်'

'အင်း'

သူ့ကိုရေချိုးကန်ထဲ ထည့်ပေးပြီးတော့ ကျွန်တော်လည်း
အဝတ်စားအမြန်ဝတ်ပြီး မနက်စာပြင်ရတော့တယ်

ကျွန်တော်ထင်တယ် Babe ခုချိန်ဆို ရေကန်ထဲမှာ
ကစားစရာတွေနဲ့ အလုပ်ရှုပ်နေလောက်ပြီ

hkhk

Babe့ကို တွေးလိုက်ရရင်ကို အလိုလို ပြုံးမိတာ
အချစ်ကပေးတဲ့ ပျော်ရွှင်မှုတစ်ခု

Babeကလေ သိပ်ခလေးဆန်တာ ကျွန်တော်လက်ထက်
တုန်းကဆို အရမ်းဂျစ်တစ်တစ်နိုင်ခဲ့တာ hkhk

ကလေးဆိုးလေးကို ယောက်ျားတော်ထားရတာ
ကျွန်တော့်ရဲ့ ဘဝအမောတွေကို ချွေးသိပ်စေပါတယ်

မနက်စာကို ထွေထွေထူးထူး လုပ်မနေတော့ပဲ ပေါင်မုန့်မီးကင်နဲ့ ယိုပုလင်းလေးချပေးထားလိုက်တယ်
Babeက စတော်ဘယ်ရီယိုဆို သိပ်ကြိုက်တာ
သူ့အတွက် နွားနို့ပါ ပြင်ပေးရမယ် Babeပိန်နေသလိုပဲ

သူ့အတွက်က နွားနို့...ကျွန်တော်ကတော့ ကော်ဖီနဲ့ပေါ့

''''''''''''''''''''''''''''''

'မနက်စာဘာစားရမှာလဲ'

'inn Babe နွားနို့နဲ့ ပေါင်မုန့်မီးကင်လေ'

'ဟာာ နွားနို့မှ မကြိုက်တာကိုဗျာ'

ခလေးတစ်ယောက်လို ချွဲပြနေတာက သိပ်ကိုချစ်ဖို့ကောင်း
တာပဲ...သူလိုချင်တာမရရင် ခြေဆောင့်တတ်တာလေးက
သူ့ရဲ့အကျင့်တစ်ခု...

Poison EGOWhere stories live. Discover now