part -18

7.5K 739 12
                                    

အကြည့်နှစ်စုံသည်

လမ်းခုလတ်တွင် အချိန်ကြာမြင့်စွာ ရင်ဆိုင်လျက်

သို့သော် ချစ်ရည်မရွှန်းလဲ့

အကြင်နာဖြင့်မနူးညံ့

တယောက်နဲ့တယောက်အနိုင်ယူဖိနှိပ်ဖို့

အားပြိုင်နေသလို  ။

ဒါဘယ်လိုအခြေအနေမျိုးလဲလို့

သတိထားမိတော့ Baekhyun စိတ်ပျက်စွာ

မျက်နှာလွှဲမိရသည်။

.

.

.

'' ဘာလို့အဲ့ဒီ တက္ကသိုလ်မှလဲ Baek. .''

.

.

တိုးသက်သော်လည်း

ခါးသီးမှုအပြည့်ပါသည့် လေသံ

Chanyeol ကိုယ်တိုင်လည်း

သူ့ကိုမျက်နှာလွှဲထားခဲ့သည် ။

.

.

.

ပထမဆုံးအကြိမ်ကြားဖူးသည့်စကားမဟုတ်

Kris နဲ့တစုံတရာပတ်သတ်မိလေတိုင်း

ဒီလိုကန့်ကွက်ငြိုငြင်သံကိုကြားရမြဲ

ကိုယ့်အမှားမရှိလို့ထင်မိတဲ့ကိစ္စကို

ဘယ်သူကဘာပြောပြော

ခြေလှမ်းပြင်ဖို့စိတ်ကူးမရှိသည်ကပဲ

သူတို့ကြားကတင်းမာမှုကို

အရှိန်မြင့်စေသည်လားမဆိုနိုင် ။

.

.

.

'' အဲ့ ဒီတက္ကသိုလ်ကဘာဖြစ်နေလို့လဲ

Chanyeol. . ဒီနိုင်ငံရဲ့ ပညာရေးအဆင့်မှာ

အကောင်းဆုံးထဲကတစ်ခုပဲ

ကျောင်းပြီးရင်လဲအလုပ်ရဖို့သေချာတယ်

ပညာသင်ဆုသာရခဲ့ရင်
                    
ကျောင်းတက်နေတုန်းလဲစရိတ်ကုန်စရာမရှိဘူး

ဒီထက်ကောင်းတာဘာရှိသေးလဲ ငါ့အတွက်တော့

ဒါက မိုးပေါ်ကကျလာတဲ့အခွင့်အရေးလိုပဲဆိုတာ . .''

Love Melody[completed ]Where stories live. Discover now