(၄၇)
4.8K 391 11
ဖုန်းScreen ထဲကနေ ခင်ဗျား ခုန်ထွက်လာမလားလို့
၅နှစ်အရွယ် ကလေးမလေး တစ်ယောက်ရဲ့ နှလုံးသားမျိုးနဲ့
ကျွန်တော် ရူးပါတယ်.. ။ ခင်ဗျားရယ်သံတွေဟာ သိပ်လှတာပါပဲ.. ။ ကျွန်တော့်ဘေးနားမှာ အရှင်လတ်လတ် ခင်ဗျားရောက်နေသလိုပေါ့.. ။ ခင်ဗျားရဲ့ နှုတ်ခမ်းဖူးဖူးတွေကနေ.. ဘက်စကတ်ဘောပွဲစဉ်တွေ အကြောင်း ပေါက်ပေါက်ဖောက်နေသလိုပေါ့...။
ဟော့ပေါ့အိုးရဲ့ တထောင်းထောင်းထနေတဲ့ အခိုးအငွေ့တွေထဲမှာ..
ခင်ဗျား အရိပ်တွေ ရောယောင်ပါနေသလိုပေါ့...။
နိုဝင်ဘာလတိုင်း ကျွန်တော့်ရဲ့ စိုးရွံ့မှုဒီဂရီတွေ မြင့်တက်လာမှန်း ဘယ်သူမှ မရိပ်မိဘူး....။ ခင်ဗျားဘေးမှာ.. ရှိလာမယ့်
မိန်းမတစ်ယောက်ကို လျစ်လျုရှုချင်ယောင်ဆောင်ပစ်ရတာမျိုးတွေ ကျွန်တော် သိပ်ကျွမ်းကျင်နေပါပြီ...။
ခင်ဗျားမယုံကြည်ဘူးလား...။
ကျွန်တော်က ကိုယ့်ရူးသွပ်မှုထဲ ကိုယ့်ကိုကိုယ်
လောင်ကျွမ်းပစ်နေခဲ့တာ..။
Lady.....Where stories live. Discover now