(၃၇)

4.5K 312 11
                                    

အဲ့ဒီ နှုတ်ခမ်းတွေ အနေအထားပြောင်းတိုင်း...
ကိုယ် ကျောက် ဖြစ်သွားတာပေါ့...။
တဆိတ်လောက်
မင်း ဘယ်တော့မှ ကိုယ့်ကို လက်မလွှတ်ပါဘူး
ဆိုတာမျိုး ပြောစမ်းပါ...။
ကိုယ် မင်းကို
ဘယ်လောက် မြတ်နိုးကြောင်းဆိုတာမျိုးတွေအထိ
ပြောနေစရာလိုသေးသလား..... ။
သေဆုံးပြီးသွားတဲ့နောက် ဘယ်နှစ်ဘဝအထိ...
ကိုယ်တို့ ချစ်ကြမလဲ တွေးကြည့်မလား... ။
ဆံဖြူသွားကျိုးတဲ့အထိ..မင်းဘေးမှာ
ကပ်တွယ်နေချင်မိတာမျိုးတွေ... ။
ရင်ဘတ်ထဲက အဆုတ်တွေ တိတ်ဆိတ်ငြိမ်သက်သွားတဲ့အထိ
မင်းကို ယုယချင်နေမိတာမျိုးတွေ...။
မနက်မိုးလင်းတိုင်း မနက်စာဗန်းလေးကိုင်ပြီး...
မင်း အခန်းတံခါးကို ဖွဖွလေးခေါက်ချင်တယ်....။
သန်းခေါင်ယံတိုင်း မင်း ပုခုံးပေါ် အသာမှေးရင်း..
ကြယ်တွေကို ကျေးဇူးတင်ချင်တယ်...။

သိလား... ကလေး... စိတ်ကူးတွေဟာ ...
သက်တံ့ကလေးတစ်ခုပါပဲ...  ။

တဆိတ်လောက်
ကိုယ် မင်းကို
ပြောနေစရာလိုသေးသလား..... ။

သက်တံ့ကလေးတစ်ခုပါပဲ...  ။

Lady.....Where stories live. Discover now