Rival 12

4.9K 443 22
                                    

Rival's Owner
Rival 12

မင်းသိလား။ ငါ့အတွေးထဲမှာ နေရာယူထားတာ မင်းတစ်ယောက်ဘဲ ရှိခဲ့ဖူးတယ် Baekhyun ။

ကိုယ့်မိဘတွေ အဆင်မပြေဖြစ်တဲ့အချိန်မျိုးဆို အရင်တုန်းက Sehun သာဆိုရင် အရွဲ့တိုက်ဆိုးသွမ်းနေမှာမှန်ပေမဲ့ ခုတော့ ကိုယ်ဟာ မင်းကြောင့် သည်းခံတတ်နေပြီ၊ ကိုယ်ဟာ မင်းကို သတိရနေမိပြီ။



•Rival's Owner•



စာမေးပွဲကြီးပြီးဆုံးသွားပြီ။ သူတို့သည်လည်း အထက်တန်းကျောင်းသားများမဟုတ်တော့။ အောင်စာရင်းကိုသာ ရင်ခုန်စွာစောင့်ဆိုင်းနေကြရသည်။

ပြီးလျှင် မိမိနှစ်သက်သော တက္ကသိုလ် ဘာသာရပ်တို့သို့ ကန့်သတ်ချက်များနှင့်အတူ ဝင်ခွင့်စာမေးပွဲများ ဖြေဆိုကြရပေအုံးမည်။

မိမိတို့ အိပ်မက်များကို လောလောဆယ်တော့ အတွေးထဲမှာသာ အိမ်ဆောက်နေမိကြသည်။

ထိုနည်းတူ Baekhyun သည်ပင်လျှင်။

သို့သော် Sehun သည်ကား မဟုတ်။ သူ့တွင်ကား သူ့ရင်အား ထိုးခွင်းနေသော အရာတစ်ခု ရှိနေသည်။

Baekhyun မှ စတင်ဖုန်းဆက်၍ အိမ်သို့ ဂိမ်းလာဆော့ရန် ပြောသဖြင့် Sehun အိမ်နေရင်း အားကစားဝတ်စုံ အပေါ်မှအနွေးထည်ကောက်ထပ်၍ ထွက်လာခဲ့လိုက်သည်။

~Ting Tong ~

ချလောက် ..
တံခါးဖွင့်သံနှင့်အတူ ပေါ်ထွက်လာတဲ့ မျက်နှာအစ်အစ်ကလေးကို Sehun တကယ် အသည်းယားပါသည်။ ကျောင်းပြီးသွား၍ စားချင်တိုင်းစား၊ အိပ်ချင်တိုင်းအိပ်နေသည့် ထိုအနှီလူသားလေးမှာ ယခင် ငါးဖောင်ရိုးလေးမှ ခုတော့ ဝက်ကလေးလိုပင် လုံးလာသည်။
Sehun က ဗိုက်ကလေးပူလာပြီဟု စနောက်ပြန်လျှင်လည်း စိတ်ဆိုးတတ်သေးသည်။ သို့သော် သူတို့၏ အဆင့်မှာ ဘယ်လိုခေါင်းစဉ်တပ်၍ ဘယ်ပုံအမည်တပ်ရမည်မှန်း သူကိုယ်တိုင် မသိခဲ့။

"ဝင်လေ ဘာလုပ်နေတာလဲ"

ခပ်စွာစွာ အသံလေးဆိုပေမဲ့ အိပ်ချင်မူးတူးဖြစ်နေပြန်သည်။

Rival's Owner  ||Completed||Where stories live. Discover now