Rival 10

5.1K 478 32
                                    

Rival's Owner
Rival 10

"Baekhy---! အာ...ဟို ငါလေ ...ငါ "

စကားတွေထစ်နေတဲ့အပြင် စကားရှာနေပုံတဲ့ Sehun ရဲ့ မျက်နှာက အနည်းငယ် ပန်းရောင်သန်းနေတယ်။ ဆန်ပြုတ် ပန်းကန်ကို လက်ကကိုင်ပြီး အေပရွန် ဝတ်ထားတဲ့သူက စာခြောက်ရုပ်ကြီးလို တံခါးပေါက်ဝမှာ ကြောင်အန်းအန်းကြီး ရပ်နေတာ romantic ဆန်မနေဘူး။

Baekhyun နည်းနည်း ရယ်ချင်လာတာ မှန်ပေမဲ့ မျက်နှာတည်နဲ့ဘဲ...

"Oh Sehun! ဒါ မင်းအိမ်လား မင်းဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေရအောင်။ "

"Miyan ငါ... မင်းအတွက် ဆန်ပြုတ်ရပြီလို့ လာပြောတာ အဲ့ဒါ့ဆို ငါ ခုံပေါ်မှာဘဲ တင်ထားလိုက်တော့မယ်နော် "

ငေါက်လိုက်တော့ ဖြစ်သွားတဲ့ မျက်နှာလေးက ဇီးရွက်ထက် ငယ်မယ်ထင်၏။ ဪ..ကျွန်တော့်နှယ်လည်း အဲ့လို ပြောဆိုပြီးရင် သနားတတ်သော အခံစိတ်ကြောင့် ဘယ်အချက်မှာ ငြိမယ်မသိ။ ခုလည်း အားနာသွားရပြန်။

အဲ့တော့လည်း စွတ်လက်စ အင်္ကျီကို မြန်မြန်ဘဲ ဝတ်လိုက်ပြီး မီးဖိုချောင်ရှိရာ သူ့နောက်သို့သာ လိုက်ခဲ့လိုက်တယ်။ တကယ်တန်းဆို ယောကျာ်းလေးတစ်ယောက် အပေါ်ပိုင်းဗလာပုံက တခြားယောကျာ်းလေးအတွက် ထူးဆန်းမယ် မထင်ပါဘူး။

"Sehun မင်းရော မနက်စာ မစားဘူးလား"

စားပွဲခုံမှာ သူနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်းမေးတော့ သူက ခေါင်းခါတယ်။ သူ့ပုံက တစ်ခုခုကို သာသာလေး တွေးနေပုံဘဲ။

"Baekhyun မင်း အသားမညိုချင်ဘူးလား"

အဆက်အစပ်မရှိ မေးလိုက်တဲ့ မေးခွန်းက လားလားမှမဆိုင်။ သောက်လက်စ ဇွန်းကိုချပြီး မျက်မှောင်ကျုတ်ကြည့်တော့ သူက နည်းနည်းမှ ဂရုစိုက်ပုံမပြ။ အဲ့တော့လည်း ကျွန်တော်လည်း အတွေးပေါက်ရာ..

"ဘုရားသခင်ပေးတဲ့ အသားအရေလေ..ဘာကိစ္စညိုချင်ရမှာလဲ။ ဒါက Baekhyun ဆိုတဲ့ လူသားအတွက် ဘုရားသခင်ပေးတဲ့ ဆုလာဒ် ပညတ်တစ်ခုဘဲ "

"အဲ့ဒါ ပြဿနာဘဲ..မင်း သိပ်လှနေလို့ မဖြစ်ဘူး"

"ဟမ်!"

Rival's Owner  ||Completed||Where stories live. Discover now