Hyung ဆိုတဲ့ခေါ်သံလေး... ရင်ခွင်ထဲအတင်းတိုးဝှေ့ဝင်တတ်တဲ့ သူ့ရဲ့ပုံစံလေး.. မေးဖျားနဲ့ပါးကို ခိုးခိုးနမ်းတတ်တဲ့ သူ့ရဲ့ချစ်စရာအမူအကျင့်လေး... ချစ်တယ်လို့တဖွဖွပြောတတ်တာလေး...

ညို့ငင်မှုတွေမလုပ်ရပါပဲ သူ့အလိုလိုဆွဲဆောင်မှုရှိနေတဲ့ မျက်လုံးဝိုင်းလေးတွေ.. ရင်ထဲကခံစားချက်ကို ထိန်းချုပ်ဖို့ကြိုးစားတိုင်း တင်းတင်းစေ့ထားတဲ့ကြားက တဆတ်ဆတ်တုန်နေတဲ့ သူ့နှုတ်ခမ်းပါးလေးတွေ...  ဒါတွေကိုကျွန်တော် ထပ်မတွေ့ရ မခံစားရမထိတွေ့ရတော့ဘူးပေါ့...

"သမီးရေ မင်း Omma က Appa တို့ကိုထားခဲ့ပြီ"

ပုခက်ထဲမှာယက်ကန်ယက်ကန်နဲ့နှိုးနေတဲ့ သမီးငယ်ကိုကျွန်တော် ပွေ့ချီယူလိုက်စဉ် ပါးပြင်ပေါ်က အေးစက်စက်ခံစားချက်ကြောင့် လက်နဲ့စမ်းကြည့်လိုက်မိတယ်... ဘုရားရေ ကျွန်တော်ငိုနေမိတာပဲ... ကျွန်တော်သူ့ကြောင့် ငိုခဲ့ရပြီပေါ့...

"Yun.... Yun...!!!"

ခေါ်သံနဲ့အတူ အခန်းထဲအပြေးအလွှားရောက်လာတဲ့ Jae ကြောင့် ကျွန်တော်အံ့ဩသွားရတယ်... သူ့ကားရပ်တဲ့အသံတွေ အိမ်ထဲဝင်လာတဲ့အသံတွေ မကြားနိုင်အောင်ပင် ကျွန်တော်အတွေးတွေ လွင့်နေခဲ့တာပဲ... တသက်နဲ့တကိုယ် အဲလိုတခါမှမဖြစ်ခဲ့ဖူးတာတော့အမှန်ပါ...

"Minnie... သူထွက်သွားပြီဆို"

Jae စကားကြောင့် ကျွန်တော်ထပ်အံ့ဩသွားရပြန်တယ်... သူဘယ်လိုသိနေတာပါလိမ့်...??

"Jae ဘယ်လိုသိတာလဲ သူထွက်သွားတယ်ဆိုတာ"

"သူ Message ပို့တယ်လေ Yun နားကနေ သူထွက်သွားပြီမို့လို့ Yun နဲ့သမီးကို စောင့်ရှောက်ပေးပါတဲ့"

ကျွန်တော်ရုတ်တရတ်ရင်ဘက်ထဲ အောင့်တက်လာတာ မတ်တပ်ပင်ရပ်နိုင်စွမ်းမရှိတော့ပဲ ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ချလိုက်မိတယ်... သမီးကိုလဲရင်ခွင်မှာ ကျစ်ကျစ်ပါအောင်ဖက်ထားမိတယ်...  သူတကယ်ပဲ အစီအစဉ်တကျလုပ်ခဲ့ပြီး ထွက်သွားခဲ့ပြီပေါ့...

"Yun ရယ် စိတ်မကောင်းမဖြစ်ပါနဲ့ ငါရှိပါတယ်"

Jae ကပြောပြောဆိုဆိုနဲ့ ကျွန်တော်နဲ့သမီးကို ဘေးကနေပွေ့ဖက်နှစ်သိမ့်လာတယ်... သမီးကတော့ အနေကျဉ်းကြပ်လို့ထင်တယ် အသံပေးပြီးကော့ကန်ရုန်းလာတော့ ကျွန်တော်လဲအသာလွှတ်ပေးလိုက်တယ်... Jae ကတော့ ကျွန်တော့်ကိုဖက်ထားဆဲပါ...

AFFECTION [Completed]Where stories live. Discover now