Part 26

8.6K 447 91
                                    

(Zawgyi)

📑Hyung အခုတော့လဲနှုတ်ဆက်ဖို့အချိန် ရောက်လာခဲ့ပြီပေါ့.. Minnie ဘေးမှာ ရှိနေပေးခဲ့တဲ့အတွက် Hyung ကို ကျေးဇူးအများကြီးတင်ပါတယ်.. ခုလောက်ဆိုရင် Minnie အတွက်လဲ လုံလောက်သွားပြီမို့ ထပ်ပြီးအတ္တမကြီးချင်တော့ပါဘူး... Hyung ချစ်တဲ့သူနဲ့ပဲ သာယာတဲ့မိသားစုဘ၀လေးကို တည်ဆောက်လိုက်ပါတော့နော်.. Jaejoong က Hyung ကိုရော သမီးကိုရော ဂရုစိုက်ပေးနိုင်မယ်လို့ Minnie ယုံကြည်ပါတယ်... Hyung ပျော်ရွှင်ပါစေ..

Hyung ကို အရမ်းချစ်တဲ့ Minnie📑

ကျွန်တော်မယုံကြည်နိုင်စွာနဲ့ စာကိုအထပ်ထပ်ပြန်ဖတ်နေမိတယ်... အနားမှာအမြဲ တောက်တဲ့လိုကပ်နေတဲ့ Minnie က အခုတော့ ကျွန်တော့်ကိုထားပြီး ထွက်သွားပြီလား...?? ကျွန်တော့်ကိုချစ်တယ်လို့ တဖွဖွပြောပြီးမှ အခုလိုမျိုးထွက်သွားခဲ့တယ်... သမီးလေးရဲ့မိခင်ဖြစ်ချင်ပါတယ်ပြောပြီးမှ သမီးကိုတခြားသူလက်ထဲ အပ်ထားတော့မယ်ပေါ့..

ဘာလို့လဲ...?? သူဘာ့ကြောင့်အဲလိုတွေ လုပ်သွားရတာလဲ..?? သေချာပြန်စဉ်းစားကြည့်တော့ အကြောင်းရင်းကတခုတည်း... ကျွန်တော့်ကြောင့်ပါ သူကျွန်တော့်ကြောင့် ခုလိုထွက်သွားရတာ...

ကျွန်တော်သူ့ကိုလျစ်လျူရှုခဲ့လို့.. ပစ်ထားခဲ့မိလို့.. သူ့နှလုံးသားကိုနာကျင်အောင် အထပ်ထပ်လုပ်မိလို့... ကျွန်တော်သူ့ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့သင့်တာပါ... Jae ကိုရောဂါကြောင့် အလိုလိုက်ပေးနေရတာဆိုတာ...

သည်းခံနားလည်တတ်တဲ့သူ့ကို ကျွန်တော်သေချာမရှင်းပြပဲထားမိတာ သိပ်မှားသွားခဲ့တယ်... ချော့စရာမလိုပဲ အချိန်တန်ရင်အငိုတိတ်တတ်တဲ့သူ့ကို ကျွန်တော်ငိုအောင်ထပ်ထပ်လုပ်မိတာ သိပ်မှားသွားခဲ့တယ်...

အခုတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ...?? သေချာတယ် ကျွန်တော့်ဘ၀မှာသူမရှိလို့မဖြစ်ဘူး... ကျွန်တော့်အတွက်တင်မဟုတ်ဘူး သမီးအတွက်ပါ သူကမရှိမဖြစ်လိုအပ်တဲ့ သူတယောက်ပါ...

သူမရှိတာနဲ့ကျွန်တော် ကမ္ဘာပျက်မတတ်ဖြစ်နေတာ ဘာလို့လဲ..?? အဲဒီ့ခံစားချက်ကြီးက သူဟာသမီးရဲ့မိခင်မို့လို့ ကျွန်တော့်ရဲ့အိမ်ရှင်မမို့လို့ဆိုတဲ့ သတ်မှတ်မှုတွေထက်တော့ သာပါတယ်... ကျွန်တော်သူ့ကို ချစ်မိနေတာလား...??

AFFECTION [Completed]Where stories live. Discover now