သခင့်​ရင်​ခွင်​ အပိုင်း၁၅ ဇာတ်​သိမ်း

1.1K 63 11
                                    

အပြင်​မှာ မိုး​တွေ သည်းသည်းထန်​ထန်​ ရွာသွန်း​နေ၏ မိုးချုန်းသံ​တွေ ​ကြောင့်​ အိပ်​​ပျော်​​နေရာမှ baek လန့်​နိုးသွားခဲ့သည်

Baekသည်​ အိပ်​ရာမှ ထလျက်​ ဖွင့်​ထားမိ​သော ပြတင်းတံခါးကို သွားပိတ်​လိုက်​သာ်

"ဘယ်​ချိန်​​လောက်​ရှိပြီလဲ"

နာရီ ကိုကြည့်​​တော့ ၂နာရီ ထိုးရန်​ ၁၀မိနစ်​အလို

Baekအိပ်​မ​ပျော်​ နိုင်​​တော့ပါ

"​မေ​မေ့ကို သတိရလိုက်​တာ ဒီလိုမိုးရွာရင်​"

က​လေး​လေး.. ..ဘာ​ကြောက်​စရာ ရှိလဲ ထ ထိုင်​ပြီး မျက်​စိဖွင့်​ ကြည့်​ စမ်းဆိုပြီ ​မေ​မေက ရယ်​ရယ်​​မော​မော မီးထွန်း​ပေးကာ ခဏတစ်​ဖြုတ်​ စကား​ပြောပြီးမှ ပြန်​အိပ်​ ခိုင်းတတ်​တာ အဲ့ဒီ အခါကျရင်​ မိုးသံကိုနား စွင့်​ကာ တဖြည်းဖြည်း အိပ်​​ပျော်​သွားတတ်​မြဲ

သူမစိတ်​ထဲ chan yeolကိုပါ မြင်​​​ယောင်​လာသည်

"Arjishi​ရော ဒီချိန်​တ​ရေးနိုး ပါ့မလား သိချင်​လိုက်​တာ"

Ring....Ring....

ဖုန်းသံကို ကြား​တော့ သူမ အံအားတသင့်​ ခဏငြိမ်​​နေမိ​သေး၏ ပြီးမှ ကြိုးဖုန်း​လေးကို ​ဖြေညှင်းညင်​သာ မယူလျက်

"Hello"

"Baek Baek"

Baek ရင်​ထဲ ဒိန်းခနဲ မြည်​သွားရသည်

"Baek baek နိုး​နေတယ်​​နော်​"

"ဟုတ်​ကဲ့"

"မိုး​တွေ တအားရွာ​နေတာနဲ့ ကိုယ်​အိပ်​ရာ နိုးလာတာ baek baekတစ်​​ယောက်​တည်း ​ကြောက်​​နေမလားလို့ ပြီး​တော့ ကိုယ်​လှမ်းကြည့်​​တော့ baekအခန်း က မီးလင်း​နေတာနဲ့"

"မ​ကြောက်​ပါဘူး ရပါတယ်​ baekတ​ရေးနိုးတာပါ"

"Baekက သိပ်​သတ္တိ​ကောင်းတာပဲ​နော်​ ကိုယ်​က baek ​ကြောက်​​နေပြီ ထင်​တာ"

"ငယ်​ငယ်​တုန်းက​တော့ ​ကြောက်​တယ်"

"ဟုတ်​လား "

"ဒီကို စ​ရောက်​တဲ့ နှစ်​တုန်းကဆို ညဘက်​ မိုးရွာရင်​ baekမအိပ်​ရဲဘူး ငုတ်​တုတ်​ထိုင်​ ​နေတာ"

You've reached the end of published parts.

⏰ Last updated: Mar 08, 2017 ⏰

Add this story to your Library to get notified about new parts!

သခင့်​ရင်​ခွင်​Where stories live. Discover now