သခင့်​ရင်​ခွင်​ အပိုင်း၁၃

637 42 6
                                    

အခန်းကျဉ်း​​လေးထဲ ဝင်​လိုက်​သည်​ ဆိုလျှင်​ ရနံ့  ​လေးတစ်​မျိုးက ဆီးကြို နှုတ်​ဆက်​ လိုက်​သလို ရင်​ထဲမှာ ​နွေးခနဲ ဖြစ်​၏

သူမ​နေထိုင်​ရာ ​နေရာက​လေး

ဂို​ဒေါင်​ နံ​ဘေးက အခန်းငယ်​​လေး ဖြစ်​​သော်​လည်း သပ်​ရပ်​ ကြည့်​​ကောင်း ​နေပါသည်

သူမကို ဒီမှာ ​နေ​စေပြီးကတည်းက chan yeol ထိုနားသို့ မသီဖြစ်

Baekကို ​ခေါ်စရာ ရှိရင်​လည်း အပြင်​ဘက်​ ခပ်​လှမ်းလှမ်း က​နေ အသံ ပြုတတိ၏

ဖန်​မီး​သီး အလင်း​ရောင်​ ​အောက်​မှာ အခန်း​လေးက တိတ်​ဆိတ်​ ငြိမ်​သက်​​နေသည်

သူမ ဟန်​ပန်​ ​လေးမှာ သိမ်​​မွေ့  သလို သူမ အသုံးအ​ဆောင်​​တွေ မှာလည်း ကျနစွာ

တစ်​​ယောင်​ အိပ်​ခုတင်​​လေး မှာ​တော့ မကြာခင်​ လူတစ်​ဦး ရှိ​နေခဲ့ဟန်​နှင့်​ ​မွေ့ရာခင်း ဖြူဖြူ ​ပေါ်မှာ ​စောင်​က​လေး ပုံလျက်

ကျ​တော့ ​ကားသံကြားမှ သူမအိပ်​ရာထက်​က ဆင်းခဲ့ဟန်​ပါပဲ

က​လေးရယ်​....

ဘာ​ကြောင့်​မှန်း မသိ သူက​လေးအ​ပေါ် ဂရုဏာ သက်​မိ၏

မင်းကို ကိုယ်​ပစ်​ထားသလို ဖြစ်​ခဲ့မိတယ်

နံရံကပ်​ ဗီရိုနား ​လျှောက်​လာကာ ​သော့နှင့်​ လှည့်​ဖွင့်​သည်

Chan yeolသည်​ baekအခန်းထဲသို့ ဝင်​​၍ baekရဲ့ အဝတ်​​တွေကို ကိုယ်​တိုင်​ ထုတ်​ယူရလိမ့်​ဟု အိမ်​မက်​ပင်​ မမက်​ဖူး​ပေ

အမှန်​​တော့ သူနာပြု ဆရာမ​တွေ လိုအပ်​တာ​တွေ လုပ်​​ပေး​နေပြီး သူလည်း baekအနား သို့ သွားခွင့်​ရှိတာ မဟုတ်​​ချေ

ထို့​ကြောင့်​သာ အိမ်​တစ်​​ခေါက်​ ပြန်​ရတာ

Chan yeolစည်​ အ​နွေးထည်​ အကျီင်္​လေး​​တွေကို အိတ်​ဖြင့်​ ခပ်​မြန်​မြန်​​လေး ထည့်​လိုက်​စဉ်​ ဘုတ်​ခနဲ ကျသွားသံ တစ်​ခု ကြားရ၏ ငုံ့ကြည့်​လိုက်​​တော့ သမံတလင်း ​ပေါ်မှာ လက်​တဝါးစာခန့်​ အရွယ်​ စာအုပ်​အ​ဟောင်း​လေး တစ်​အုပ်

သခင့်​ရင်​ခွင်​Where stories live. Discover now