:')

110 11 0
                                    

မင်းနဲ့ဆုံတွေ့ရဖို့က ကိုယ့်အတွက်သိပ်ခက်ခဲကြောင်း သိလာရပြီးနောက်ကစလို့ ကိုယ်ဟာလတိုင်းထီထိုးခဲ့တော့တာပဲ...

ကိုယ်စွမ်းသလောက်ကြိုးစားပြီးတော့ မင်းဆီအရောက်လာခဲ့ဦးမှာပါ

ဒါပေမယ့် ကြားထဲများ ကံတရားဆိုတာကြီးက ကိုယ်နဲ့မင်းစောစောဆုံရဖို့အတွက် ကိုယ့်ကိုမျက်နှာသာပေးမလားရည်ရွယ်ရင်း ထီစောင်လေးတွေဟာ ကိုယ့်လွယ်အိတ်ထဲတိုးတိုးလာခဲ့....

အမွဲတွေရဲ့ဘဝဟာ အင်မတန်ရင်နာဖို့ကောင်းတယ် ကလေးရဲ့
ဘွဲ့ရပြီး ကုန်းရုန်းပိုက်ဆံရှာမိဘကိုလုပ်ကျွေးမယ်ဆိုတဲ့ သူငယ်ချင်းတွေကြား ကိုယ်ကတော့ မင်းကိုလာတွေ့ဖို့အတွက် ပိုက်ဆံတွေရှာပစ်မယ်ဆိုပြီးကြုံးဝါးနေရတာ အင်မတန်ရင်နာဖို့ကောင်းတယ်သိလား😢
အဲလိုကြောင့် ကိုယ်ဟာ မင်းဆီလာဖို့ မိဘတွေပင်ပင်ပန်းပန်းရှာထားတဲ့ပိုက်ဆံကို ပိုလို့တောင် မသုံးချင်သေး

မလိမ္မာတဲ့သမီးတစ်ယောက်ဖြစ်ရတာ မင်းအတွက်ကြောင့်ဆိုပြီး မင်းနာမည်အတပ်ခံရမှာကိုလည်းမကြိုက်ဘူး... ကလေးလည်း ကိုယ်အဲလိုသမီးတစ်ယောက်ဖြစ်မှာကို ကြိုက်မှာမဟုတ်ဘူးဆိုတာ ကိုယ်သိတယ်လေ😒
အဲဒါကြောင့် ကိုယ့်ကိုစောင့်နေပေးမယ်
ကိုယ် ရောက်အောင် လာမှာပါ
အချိန်တွေကတော့ဘယ်လောက်ကြာမလဲကိုယ်မသိသေးဘူး
ကိုယ်တတ်နိုင်သမျှကြိုးစားမယ်နော်😢

ချစ်တယ်
ပြောပြလို့မရအောင်....အများကြီး

*မင်းကို သိပ်ချစ်ရပါသော ကိုယ် 💓

I wanna flyWhere stories live. Discover now