ကျွန်တော်ပြုံးပြုံးလေးပြောလိုက်ပေမယ့် Omma မျက်နှာကပြုံးမသွားပါ...။ ရုတ်တရတ်ကျွန်တော့်ပါးပြင်ကို လာကိုင်တော့ ကျွန်တော်တောင်မှလန့်သွားတယ်...။ မနက်ကလောလောလတ်လတ် Hyung ရိုက်သွားတဲ့ဒဏ်ရာက ဆစ်ခနဲနာသွားသေးတယ်....။

"Yunnie နဲ့ အဆင်မပြေဘူးလား...?? သူကသားကိုနှိပ်စက်တာလား...??"

"Arni Hyung က Minnie သူ့စကားနားမထောင်လို့ ဆုံးမတာပါ Minnie က သူအလုပ်ပင်ပန်းတာကို အလိုက်မသိလုပ်မိတာလေ"

ပါးပေါ်ကလက်ရာကထင်းနေတော့ ချော်လဲတာလို့လိမ်လို့မရတဲ့အတူတူ ကြည့်ကောင်းအောင်ပဲ ကျွန်တော်ပြန်ဖြေလိုက်တယ်...။ ဒါပေမယ့် Omma ကတော့ ငိုရှာလေပြီ...။

"Omma မှားသွားတယ် သားတို့ကဒီတိုင်းလေးထားရင်တောင် ညီအစ်ကိုအရင်းတွေလို တယောက်ကိုတယောက် ချစ်ခင်ကြင်နာကြဦးမယ် အခုတော့...."

"မငိုပါနဲ့ Omma ရယ် ဒါက Minnie ကိုယ်တိုင်ရွေးခဲ့တဲ့လမ်းပါ Minnie က Hyung ကိုချစ်လွန်းလို့ သူနဲ့လက်ထပ်ဖို့ရွေးချယ်လိုက်တာပါ Omma ကြောင့် မဟုတ်ပါဘူး"

ကျွန်တော် Omma ကိုဖက်ပြီးချော့နေရင်း ခဏကြာတော့ Omma ဆီကနေ ညည်းညူသံသဲ့သဲ့ထွက်လာတာကို သတိထားမိလိုက်တယ်...။ ကျွန်တော်လဲဖက်ထားရာမှ လူချင်းပြန်ခွာပြီး Omma ကိုကြည့်မိတော့ ဝေဒနာတခုကို အသဲအသန်ခံစားနေရသလိုဖြစ်နေတဲ့ Omma ရဲ့မျက်နှာကြောင့် ကျွန်တော်လန့်သွားရတယ်...။

"Omma ဗိုက်နာနေတာလား...?? မွေးတော့မှာလား...??"

Omma ကကျွန်တော့်စကားကို ပြန်တော်မဖြေနိုင်ပဲ ခေါင်းသာညိတ်ပြနေတော့ ကျွန်တော်လဲအဆင်သင့် ကြိုပြင်ထားတဲ့ အထုတ်ကိုဆွဲကာ Omma ကိုတဖက်ကတွဲရင်း ကားထဲဂရုတစိုက်ထည့်ပေးလိုက်တယ်...။ ဒီအတောအတွင်း Hyung က အိမ်ကကားကို အရေးပေါ်သုံးရအောင်ဆိုပြီး ယူမသွားပဲ အလုပ်ကို Taxi ငှားပြီးပဲသွားနေကျပါ...။

"Omma ခဏလေးသည်းခံနော် Minnie မြန်မြန်လေးမောင်းပေးမယ်"

ကားမောင်းနေရင်းနဲ့ပဲ ကျွန်တော်ဖုန်းဖွင့်ကာ Hyung ကို ခေါ်လိုက်တယ်...။ အရေးအကြောင်းဆို ပြာယာခတ်တတ်တဲ့ကျွန်တော်ထက် Hyung က ပိုတည်ငြိမ်တယ်...။ ပြီးတော့ Hyung က ကျွန်တော့်ကိုသာ မုန်းနေတာ Omma ကိုတော့ ဂရုစိုက်သေးတာပဲ...။

AFFECTION [Completed]Tempat cerita menjadi hidup. Temukan sekarang