하지만 고통 스러운 사랑. EP 11

2.7K 177 13
                                    

Love is not over သီချင်း​လေးနား​ထောင်​ပြီးဖတ်​ရင်​ပို​ကောင်းပါတယ်​​နော်

Love but Painful

EP 11

စာရွက်​အဖြူ​လေးတစ်​ရွက်​ကိုတုန်​ယင်​​နေတဲ့လက်​နဲ့ကိုင်​ထားရာက လုံး​ချေလျက်​နံရံဆီသို့ပစ်​​ပေါက်​လိုက်​ပြီး စားပွဲ​ပေါ်မှာရှိ​နေတဲ့ ပန်းအိုးနှင့်​စာ​ရေးကရိယာ​တွေကိုကြမ်း​ပြင်​​ပေါ်သို့ဆွဲချကာ အရူးတစ်​​ယောက်​လို​အော်​ဟစ်​ပစ်​လိုက်​တယ်​. ဘာ​တွေလဲ. နားမလည်​​တော့ဘူး. သူမဘာ​တွေ​လျှောက်​လုပ်​​နေတာလဲ.

ဒေါသ​ကြောင့်​မျက်​နှာများနီမြန်းကာ ကုတ်​အကျီအိတ်​ထဲကဖုန်းကိုထုတ်​လျက်​ နံပါတ်​၁ကိုဖိနှိပ်​ထားလိုက်​တယ်​.

"" လူကြီးမင်း​ခေါ်ဆို​သောတယ်​လီဖုန်းမှာ လိုင်းမအားပါသဖြင့်​...""

""​တောက်​""

သူဖုန်းကိုဘီဒီမှန်​ဆီသို့ပစ်​​ပေါက်​ပစ်​လိုက်​​တော့ ခွမ်းခနဲကွဲကျသွားတဲ့ မှန်​စ​တွေကို သူ့​ခြေ​ထောက်​ကိုလာစင်​သည်​.

"" JanMi aah ...အဲလိုမလုပ်​ပါနဲ့ Jelba""

သူ ကုတင်ကိုမှီလျက်​ အရုပ်​ကြိုးပြတ်​ထိုင်​ချလိုက်​ကာ ဆံပင်​​တွေကိုခပ်​ကြမ်းကြမ်းဆွဲဆုပ်​လိုက်​သည်​.

သူမနဲ့တူတူအရာအားလုံးကို သတ္တိရှိရှိရင်​ဆိုင်​မယ်​လို့ ဆုံးဖြတ်​လိုက်​တဲ့အချိန်​ကျမှ သူမဘာလို့​ပျောက်​ကွယ်​သွားရတာလဲ. မ​ခေါ်ဘဲနဲ့​ရောက်​လာခဲ့ပြီး သူ့ရင်​ထဲမှာစူးစူးနစ်​နစ်​​နေရာယူခဲ့ပြီး​တော့မှ မနှင်​ဘဲနဲ့ပြန်​ထွက်​​ပြေးသွားတာ ဘာသ​ဘောလဲ.

သူ့ကိုချစ်​တယ်​လို့တဖွဖွ​ပြောခဲ့တဲ့မိန်းက​လေး...
ထွက်​သွားတဲ့အချိန်​မှာ​တောင်​ သူ့ကိုချစ်​တယ်​လို့​ပြောခဲ့​သေးတာ...

ချစ်​တယ်​ဆိုဘာလို့ထားခဲ့တာလဲ...
ချစ်​တယ်​ဆိုဘာလို့ရင်​နာ​အောင်​လုပ်​ရတာလဲ...
ချစ်​တယ်​လို့တဖွဖွ​ပြောတတ်​တဲ့နှုတ်​ခမ်း​လေး... ချစ်​တဲ့အရိပ်​အ​ယောင်​​တွေအပြည့်​ပါတဲ့ မျက်​လုံးဝိုင်း​၀ိုင်း​လေး... ရှက်​​သွေးဖြာတိုင်းနီရဲလာတတ်​တဲ့နှာ​ခေါင်းလုံးလုံး​လေး ... သူမနဲ့ပတ်​သက်​သမျှအရာအားလုံးကို လွမ်းတယ်​...

Love But PainfulWhere stories live. Discover now