သို့​သော်​ သူ့မျက်​နှာ မြင်​ရ​တော့လည်း ​ဒေါသတို့က ကြက်​​ပျောက်​ငှက်​​ပျောက်​ ဖြစ်​သွားရသည်​​လေ။
Ph screen က​နေ အကြည့်​တစ်​ချက်​မလွှဲဘဲ သူ့စကားကို အဖက်​မလုပ်​​သော Sehun​ကြောင့်​ စိတ်​မ​ကောင်း​တော့ဖြစ်​မိသည်​။
Jongin အ​တွေးလွန်​​နေတုန်း....

"Ni Ni? Ni Ni?
နေမ​ကောင်းဘူးလား "
(စကားထက်​ လက်​ကအရင်​နှဖူး​ပေါ်​ရောက်​လာပြီး ကိုယ်​ပူမပူ စမ်း​နေ​သော Oh Sehun​ကြောင့်​ Kim Jongin တို့ မျက်​နှာကြီိးရဲလာ ရသည်​​လေ)

"ကိုယ်​လည်း မပူပါဘူး ဒါ​ပေမဲ့ Ni Ni မျက်​နှာကြီး နီ​နေပါလား "
"မနီပါဘူး ​နေ​လည်း​ကောင်းပါတယ်​"

"အင်းပါ ဘာမှမဖြစ်​ရင်​လည်း ပြီး​ရော

ပြန်​​ချော့မှာ မဟုတ်​ဘူးဆိုတာ သိ​ပေမယ့်​လည်း
တစ်​ခါ​လောက်​​တော့ စိတ်​ဆိုးခွင့်​​ပေးပါ...
လစ်​လျူ ရှုမှု​တွေနဲ့ အသားကျ​နေပြီ ဆို​ပေမယ့်​လည်း
မင်းရဲ့ ဂရုစိုက်​မှု​တွေကို ​တောင့်​​တ​နေ​ဆဲမို့ပါ
Sehun ရယ်​....

"ဟို... Sehun ah!
ကဲ Kim Jongin shi ဘာ​ပြောမှာလဲ ​ပြော..."

"aww မင်းကြည့်​ချင်​တယ်​ဆိုတဲ့ ဇာတ်​ကား​လေ ရုံတင်​ပြီတဲ့။
အဲ့တာ ​ဘယ်​​တော့သွားကြည့်​မလဲလို့​မေးမလို့ "

"Arrr အဲ့တာလား....
တကယ်​ငါထင်​တဲ့အတိုင်း ရိုက်​ကွင်း​တွေက အရမ်းမိုက်​တာ
ဆု​တွေလည်းအများကြီး ရမှာ​သေချာတယ်​ သိလား
Ni Ni "

"Hmm? Sehunက ကြည့်​ပြီးပြီလား အဲ့ဇာတ်​ကားကို..."

"အင်း​လေ မ​နေ့ကမှ Noona နဲ့ သွားကြည့်​ခဲ့တာ ဟီး "
Jongin's Pov:

ကျွန်​​တော်​တကယ်​ စိတ်​မ​ကောင်းဖြစ်​မိသည်​။ ကျွန်​​တော့်​မှာ​တော့ Coming Soon ဆိုပြီး အဲ့ဇာတ်​ကားရဲ့ ​ကြော်​ငြာ​တွေမြင်​တိုင်း သူနဲ့အတူ ကြည့်​ရဖို့ စိတ်​ကူးယဉ်​ခဲ့ ​မျှော်​လင့်​ခဲ့ရတာ....

အဟက်​ Oh Sehun​ရေ ​ကျေးဇူးပဲ
တစ်​​ယောက်​တည်းစိတ်​ကူးယဉ်​ ဇာတ်​လမ်း​တွေ ဖန်​တီး​နေတဲ့ငါ့ကို ​နေရာအမှန်​သိ​အောင်​ပြ​ပေးလို့ ...

Why Not MeWhere stories live. Discover now