၁၀နှစ်ကျော်ကြာ သူငယ်ချင်းအဖြစ် သူ့အတွက်ဆို တိတ်တခိုးချစ်ရသူပေါ့ ထိုကဲသို့ လူမျိုးကို သူစိမ်းတစ်ယောက် ဟု ယခု သူတွေးလိုက်ပြီ။ ထိုသို့ တွေးရလောက်သည့် အကြောင်းတွေ ထိုကောင်လေးရဲ့ နူးညံတဲ့ နှလုံးသားလေးကို မာကျောသွားစေသော အကြောင်းရင်း တွေ ၂နှစ်အတွင်း ဖြစ်ပေါ်လာခဲ့သည်သာ။
🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸
၂နှစ်ဆိုသော အချိန်သည် တော်တော်များများ ပြောင်းလဲစေခဲ့သည်။
ဂျပန်မှ အဘိုးအဘွားများဆီက အမွေရစဉ် Jonginတို့ တစ်မိသားစုလုံး ဂျပန်သို့ ပြောင်းရမယ့် အခြေအနေ နဲ့ ကြုံလာခဲ့သည်။ထိုအချိန်က အထက်တန်း မပြီးသေး ဟူသော အကြောင်းပြချက်ဖြင့် သူ့အနားမှာ ဆက်နေခွင့် ရအောင် ကြိုးစားခဲ့ရသေးသည်။
တချိန်တွင် ထိုကြိုးစားမှုက နောင်တရမည်မှန်း သိလျှင်.....
သူကြိုးစားခဲ့မည်မဟုတ်...
_________________________________Last 2 Years ago....
Sehun?
Ommm.... Ni Ni ပြော...Ni Ni ပြော... ဆိုတဲ့စကားသံသာ ထွက်လာတယ်
ကျနော့်ကို ခဏတောင်လှည့်မကြည့်သူ...
သူ့အကြည့်တို့က ကျွန်တော့်ဆီမှာ မရှိ။
သူ့လက်ထဲက phရဲ့ screenပေါ်မှာသာ အာရုံအပြည့်အဝ စိုက်ထားသည်လေ။ကျွန်တော့်ဆီမှ နောက်ထပ် အသံထွက်မလာသည်မို့ထင်...
"ဘာပြောမှာလဲ ပြော"ဆိုသော အကြည့်နှင့် မေးငေါ့ပြသည်။တကယ်တော့ ဒီအပတ်ပိတ်ရက်မှာ ရုပ်ရှင်သွားကြည့်ဖို့ သူငယ်ချင်းတွေက လာခေါ်ကြသည်လေ။ Sehunက သူ ဒီဇာတ်ကားကို အရမ်းကြိုက်တာမို့ သူနဲ့ပဲသွားကြည့်ရမယ်လို့ အရင်ရက်ထဲက Jongin ကို ပြောထားသည်။
ထို့ကြောင့် Jongin သူငယ်ချင်းတွေနဲ့ မလိုက်နိုင်ကြောင်း ငြင်းပြီး အခုထိ သတိမရတာလား မေ့နေတာလား မသိရသော ကြောင်တောင်တောင်နဲ့ Sehun ကို ဒေါသထွက်လာပြီး ဆူပူရန် Jongin လာခဲ့ခြင်းဖြစ်သည်။
YOU ARE READING
Why Not Me
Fanfictionကလေးအရွယ်တည်းက အတူတူကြီးပျင်းလာခဲ့တဲ့ Sehun& Jongin အချိန်တွေကြာလာတာနဲ့အမျှ လစ်လျူ ရှုထားခဲ့တဲ့အဖြူရောင်သံယောဇဉ်လေး အရောင်ပြောင်းလာသည့်အခါ သူတို့2ယောက်လုံးရဲ့ရင်ခုန်သံတွေ ထပ် တူ ကျ ပါ့ မလား...