အပိုင်း ( ၄ )

25.4K 1.6K 149
                                    


Hunnie _Bakery. ဆိုင်သည် မည်သည့် အသိပေးစာ
ဆိုင်းဘုတ်မျှကပ်ထားခြင်းမရှိဘဲ သုံးရက်တိတိ
ပိတ်နေခဲ့၍ ဝယ်သူအချို့က ဖြတ်သွားဖြတ်လာ နှင့်
စူးစူးစမ်းစမ်းရှိလှသည် .

ဆိုင်နောက် အိမ်ထဲတွင်တော့...
နေ့လည်ကမျှ မင်္ဂလာပွဲ အခမ်းအနားကို ပူပူနွေးနွေး
ဆင်နွဲခဲ့ကြသည့်သူများက အိမ် ဧည့်ခန်းတွင်
တန်းစီထိုင်နေကြကာ...

" hunnie... ကျောင်းပိတ်ရက်တိုင်း omma.တို့ဆီ
ဆီလာလည်ရမယ်နော်...OMO...ငါ့သားလေး...
မခွဲနိုင်ဘူးး...ဟင့်..."

"ကျနော် ရောဘဲ...Omma...အီး...ဟီး..."

Hmmn!

မိဘနဲ့သားသမီး အင်း...
တဦးတည်းသော သား ဆိုပေမဲ့...

ဒီ သားအမိ အလွမ်းသယ် ငိုနေကြတာ နည်းနည်းများ
ပိုလွန်းသလား ဘဲ!

ဟုတ်တယ်လေ...

မင်္ဂလာပွဲပြီးကတည်းက မှာစရာ ပြောစရာရှိတယ်ဆိုပီး
သူတို့အိမ်ခေါ်တာ ...

မိုးတောင်ချုပ်တော့မယ် !

နေ့လည်ကတည်းက အတင်းဖြဲရယ်နေရတာ
ပါးတွေညောင်း မဆုံး ပါဆိုမှ...

ဒီအိမ်ရောက်တာနဲ့ထိုင်ခုံကျဉ်းမှာထိုင်နေရတာ ခါးကျိုးတော့မယ်!

ဆိုးလ်တမြို့ထဲမှာကို မသိရင် ပင်လယ်ရပ်ခြား
ဟိုနိုင်ငံ ဒီနိုင်ငံ ခြားးသွားမှာကျလို့!

ဒီလောက် စိတ်မချရင်လည်း ဘာလို့..
အတင်းပေးစားကြလဲ လို့ ပြောလိုက်ချင်ပေမဲ့!

မပြောရဲတာ ခက်သား !

သားအမိနှယောက်ကို ဘာမှ ဝင်မပြောဘဲ ငြိမ်နေတဲ့
ယောက္ခထီးကြီးမျက်နှာက... အင်း...
နည်းနည်း ကြောက်ရတယ်လေ...

ဒါကို အမြဲပြုံးရယ်နေတတ်တာလို့ ပြောတဲ့လူရှိလို့သာ
ကြားရတယ်.

သိပ်တော့မယုံချင်.

အဲ....
နေ့လည်ကတော့ မင်္ဂလာဓာတ်ပုံတွေရိုက်ကြတုန်းက
ယောက္ခထီးကြီး၏ အပြုံးကို တွေ့ဖူးလိုက်ပါသည်.
ဒါတောင် သိပ်လိုက်လိုက်လဲလဲပြုံးချင်တာမဟုတ်ချေ.
ယောက္ခမကြီးက အတင်း ပြောလို့သာ.ပြီးတော့...
တသက်လုံးပါသွားမဲ့ ပုံတွေမို့နေမယ်.

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now