Fall In Love With Maknae (6)

3.8K 407 32
                                    

" အဖြူနဲ့ပိုလိုက်​တာကွ ငါ့တိုက်​ကွမ်​ဒိုအ​ရောင်​​လေ ဘယ်​​လောက်​သားနားလဲ "

" ပန်း​ရောင်​​လေးလဲလှသားဟာကို အဖြူကမရိုးဘူးလား Hyung ရာ "

" အာ ပန်း​ရောင်​ကြီးက မိန်းမဆန်​တယ်​ အနက်​​ရောင်​ suit ပဲ ဝတ်​တာ အ​ကောင်းဆုံး "

Kris နဲ့ Xiumin ငြင်း​နေတာကို Suho က ကြားဝင်​ကာ ပြောလိုက်​​တော့ Lay က

" မနက်​ရပါဘူး နိမိတ်​မရှိဘာမရှိ။ wedding မှာ အနက်​ဝတ်​စရာလား အခြားအ​ရောင်​​ရွေး။ အနက်​ဝတ်​ပြီးမှ မ​တော်​တဆ တစ်​ခုခုဖြစ်​ရင်​ . . . . "

" အာ Hyung ​ပြောမှပိုဆိုးကုန်​ပြီဗျ စိတ်​ညစ်​ပါတယ်​ ဘာလို့ အဲ့​လောက်​​တောင်​ fashion အမြင်​မရှိကြတာပါလိမ့်​ "

Kai က Lay ပါးစပ်​ကို အမြန်​အုပ်​ကာ ​ပြော​ပြီး ​နေရာမှထကာ များလှစွာ​သော wedding dress ​တွေကြား​ရွေး​နေ​လေတယ်​။

ရှေ့မှာ စိတ်​ကြိုက်​တိုက်​ပွဲဝင်​နေတဲ့ ညီအစ်​ကို​တွေကြား wedding dress ကို တစ်​​ယောက်​ကအမည်း တစ်​​ယောက်​ကအဖြူ ဝတ်​ပြ​နေရတဲ့  ကာယကံရှင်​နှစ်​​ယောက်​ဖြစ်​တဲ့ Sehun နဲ့ Luhan လဲ  ​စိတ်​ပျက်​စွာ ​ခေါင်းကုတ်​​နေပြီ။ ဘုမသိဘမသိ ပါလာတဲ့ Chanyeol လဲ Sehun အနား အသာကပ်​သွားရင်း

" မင်း​တော့မလွယ်​ဘူး ​ဟေ့​ကောင်​ တကယ်​ကြီး တစ်​​ယောက်​တစ်​မျိုးကွ။ စိတ်​မ​ကောင်းပါဘူး ငါ့​ကောင်​ရာ မင်းရဲ့အိမ်​​ထောင်​ရှင်​ဘဝကြီးက မ​တွေးရဲဘူး "

Chanyeol ကို စိတ်​ထဲကျိန်​ဆဲရင်း ​သေမယ်​ဆိုပြီး ပါးစပ်​ကတိုးတိုး​ရေရွတ်​လိုက်​​တော့မှ ပြုံးစိစိ ဖြစ်​သွားကာ အနားကထွက်​သွား​လေတယ်​။ Kai ​ရွေး​ပေးလို့ လက်​ထဲ​ရောက်​လာတဲ့ ​နောက်​ထပ်​ suit ​တွေကို ယူကာ အဝတ်​လဲခန်းထဲ ဝင်​ခဲ့လိုက်​တယ်​။ suit အပြည့်​ တစ်​စုံကို ​သေချာဝတ်​​နေရတာ လွယ်​တယ်​ထင်​​နေလားမသိ ဆောင်းတွင်းကြီး ​ချွေးပြိုက်​ပြိုက်​ကျ​နေကာ  တစ်​ထည်​ပြီးတစ်​ထည်​မပြီးနိုင်​​သေးပင်​။ သူနဲ့ Lu လဲ ပင်​ပန်းကာ ဗိုက်​​တွေလဲ ဆာ​နေပြီ​လေ။ တားတုန်းကလည်း သူတို့အပြင်​မရှိတဲ့ ​ယောက်​ဖ​တွေဟာ ခုကျ​တော့လဲ wedding dress ကအစ ကိုယ်​တိုင်​လိုက်​​ရွေးကာ ဒုက္ခလှလှ​ပေး​လေပြီ။ Sehun သက်​ပြင်းသာ ထပ်​ကာထပ်​ကာချရင်း suit ​နောက်​တစ်​ထည်​ကိုယ်​​ပေါ်​ရောက်​လာပြန်​ပြီ​လေ . . .

Fall In Love With Maknae Место, где живут истории. Откройте их для себя