(4)

6.4K 553 44
                                    


"YiFan... Aunty Shin Hye..
ကား..accident..ဖြစ်​ပီး
အ​ရေး​ပေါ်​ရောက်​​နေတယ်​..."

"ဘာ.."

ထိတ်​လန့်​တကြားငုံ့ကြည့်​မိ​တော့
စူးစမ်းဟန်​နဲ့​မော့ကြည့်​လာသည့်
အပြစ်​ကင်းစင်​​သော မျက်​လုံးဝိုင်း​လေး​တွေ...

"Hello... YiFan..နား​ထောင်​​နေလား.."

"အင်း..."

"အ​ခြေ​နေမ​ကောင်းဘူး...
YiFan... ​နေ့လား..ညလားပဲ..
ဒါ​ကြောင့်​Chanyeolကို​ခေါ်ပီး
ချက်​ချင်းလာခဲ့ပါ..."

ဖုန်းကိုချပီး Chanyeolကို
ငေးကြည့်​မိသည်​...

ရုတ်​ခြင်း​ပြောင်းလဲသွားသည့်​အ​ခြေ​နေ​တွေကို
မသိရှာ​သေးသည့်​ မျက်​နှာကို
ငေးမိရင်း ဘယ်​ကစ​ပြောရမလဲ...
ဘာ​တွေ​ပြောရမလဲ စဉ်းစား​နေရသည့်
ဦး​နှောက်​ဟာ ​ခြောက်​ကပ်​ပီးပွင့်​ထွက်​လာ​တော့
မတတ်​....

ဘဝမှာတစ်​ခါမှ ဒီ​လို မွန်းကျပ်​မှူမျိုး
မခံစားခဲ့ရဘူးပါ....

"အခုSeoulကိုပြန်​ရ​အောင်​...
အက်ႌလဲ...."

"ဘာ.. ဘာဖြစ်​လို့လဲ...."

နားမလည်​​ပေမယ့်
ထိတ်​လန့်​သွားပုံရ​သော
အသံတုန်​တုန်​ယင်​ယင်​​လေး...

"..."

တစ်​ခွန်းမှမ​ဖြေပဲ ​တွေ့ရာအဝတ်​တစ်​စုံကမ်း​ပေး​နေသည့်​ သူ့မျက်​နှာရိပ်​ဟာ
ကြောက်​စရာ​ကောင်းလွန်း​နေသည်​...

Msgပို့​နေတာသာ ​တွေ့လိုက်​ပီး
သူကစကားတစ်​ခွန်းမှမဆို​တော့....

ဆက်​လဲမ​မေးရဲခဲ့....

ဝန်​ထမ်း​တွေကို​ခေါ်ကာ
အိတ်​​တွေကား​ပေါ်တင်​ပီး...
ကျွန်​​တော့်​ကိုသူ​ပွေ့ချီ​လေသည်​....

"ရပါတယ်​... ကိုကိုရဲ့..."

စူးခနဲကြည့်​လာ​​သော​ကြောင့်
ပြောလိုက်​မိ​သော နှုတ်​ခမ်းကိုအသာကိုက်​လိုက်​မိသည်​.....

သူဘယ်​​တော့များမှ
ကျွန်​​တော့ကို ကြည်​ကြည်​လင်​လင်​ကြည့်​လာပါလိမ့်​မလဲ.....

"တစ်​ခုခုဖြစ်​​နေတာလား.... ကိုကို..."

လှည့်​ကြည့်​လာ​သော
သူ့မျက်​ဝန်း​တွေဟာ လျို့ဝှက်​မှူများနဲ့
သိပ်​သည်း​နေပြန်​သည်​...

Ice StoryWhere stories live. Discover now