"Chanyeol.. ကျွန်မဒီမှာ ထိုင်လို့ရမလား..."
သူ့မျက်ဝန်းတွေက ကျနော့်ကိုကြည့်လာသောအခါ..
ဝတ်ကျေတန်းကျေပြောဖြစ်သည့် စကားတို့ဟာ..."'ရပါတယ်..."
"ဟက်..."
ကိုယ့်ဘဝကိုယ်နာကြည်းမိသည်...
ကျွန်တော်ဟာ Wu YiFan ဆိုသော
သူ့ကို ဘယ်တုန်းကမှ အမှန်တကယ်
ပိုင်ဆိုင်ခွင့်မရခဲ့ဖူးပါ...ဘေးဝိုင်းမှ Sehunတို့က
သူမကို စားမတတ်ဝါးမတတ်ကြည့်နေကြသည်..."တော်ပီလား..."
"ဝပီ... Sehunတို့ဆီသွားတော့မယ်..."
ဘယ်လက်ကိုဖမ်းဆုပ်လိုက်သော
သူ့ကြောင့် သူ့ကိုကြည့်မိတော့..."ကုန်အောင်စား.. မင်းပြောတော့
ဗိုက်ဆာနေပီဆို...."ဖိဆုပ်ထားသော သူ့လက်တွေက
စောဒကတတ်ခွင့်မရှိသလို...."မစားတော့ဘူး..."
လက်ကိုဆောင့်ရုန်းကာ
လှည့်ထွက်လိုက်သော Chanyeolဟာ...
အားလုံးကို ကျောခိုင်းထားပီးသား....ထိုကျောပြင်ကို ငေးကြည့်နေသော
လူတစ်ယောက်....လှပသော ကမ်းခြေရဲ့ညနေခင်းဟာ
အကျည်းတန်နေသလို....¿************¿?**************?
"ခဏလောက်..."
Sehunရယ်Baekhyunရယ်နဲ့
သုံးယောက်သားခရုခွံတွေ
လိုက်ကောက်နေခိုက်...
ဘေးနာထိုင်ချရင်းပြောလိုက်သော
လူတစ်ယောက်...."ဟုတ်ကဲ့..."
ရည်မွန်သန့်ပြန့်နေသော
သူ့ပုံစံကြောင့် ယာဉ်ယာဉ်ကျေးကျေးပဲ
တုန့်ပြန်လိုက်မိသည်...."ဟိုလေ.. ကိုယ့်ကိုတစ်ခုလောက်ကူညီလို့ရမလား.."
နားထင်ကိုလက်နဲ့အသာကုတ်ခြစ်ကာ
ပြောရခက်နေပုံမျိုးနဲ့ သူကပြောလာလေသည်..."ဘာလဲဟင်..
ကျွန်တော်ကူညီနိုင်တဲ့ကိစ္စဆိုရင်..."နဲနဲလှမ်းလှမ်းမှာ ပေါက်ပေါက်ဖောက်နေသော
ဟိုနှစ်ကောင်က ကျွန်တော့်ဘာဖြစ်နေတယ်ဆိုတာ
မမြင်ကျ...