"Yrr Kim Jongin! ဘာရပ်လုပ်နေတာလဲ ဖယ် ဒါနဲ့ကျောင်းနောက်ကျတော့မှာပဲ"
ommaကတော့ ထိုင်ရာကနေပြုံးပြီးကြည့်နေလေရဲ့ ကျနော်တို့၂ယောက်ကငယ်ကတည်းက မတည့်အတူနေတဲ့ မမြင်ရရင်ချောင်းကြည့်နေကြပါတဲ့ တခါကommaပြောဖူးတယ်။

ကားပေါ်မှာလဲ တစ်ယောက်မှစကားမပြောကြ ကျနော်လည်းပြောချင်စိတ်မရှိဖြစ်နေတယ်
ကျောင်းရောက်လို့ကားရပ်ပြီဆိုတဲ့နဲ့ ကိုယ်တော်ချောက ကျနော့်ဘက်တောင်လှည့်မကြည့် တစ်ချိုးတည်းဆင်းပြေးတော့တာပဲ ဘာလိုလိုနဲ့သူပြေးသွားတဲ့နောက်ကို အကြည့်ကရောက်မိတော့ တွေ့ပါပြီ ကျနော်အမြတ်နိုးရဆုံးအပြုံးတွေနဲ့သူ ခဏတာကြည်နူးမိပါတယ် သို့သော် ထိုကြည်နူးမှုလေး ပျောက်ပျက်သွားရသည်က သူပြုံးပြနေသော စီနီယာnoonaကြောင့်ဟု ဆိုရမလား။
သူ့အပြုံးကို ကိုယ်မပိုင်ဆိုင်ရသည့်တိုင် တစ်ပါးသူအတွက်ဆိုသောအသိက ရင်နင့်အောင်ခံစားရပါသည်။

Jonginnie... !!!
အသံချိုချိုလေးရဲ့ပိုင်ရှင်ကတော့
ကျနော့်ခံစားချက်တွေကို သိသောသူ နားလည်ပေးသောသူ Taeminပေါ့။
"Jongin ah! ဘာလုပ်နေတာလဲ သွားကြမယ်လေ အတန်းစတော့မှာပဲ မြန်မြန်လာ"

အမှန်အတိုင်းပြောရရင် အတန်းထဲကိုတကယ်မသွားချင်ပါ။ အဟက် ရယ်တော့ရယ်ရသား အဆင့်၂ကမဆင်းတဲ့ ကျနော်က အတန်းမတက်ချင်ဘူးတဲ့လေ။
အကြောင်းပြချက်လား သေချာပေါက် Sehun နဲ့ ပက်သတ်သည်သာ...
ကိုယ်ချစ်ရသူရဲ့ရင်ခွင်ဟာ တစ်ပါးသူပျော်မွေ့ဖို့
ကိုယ်ချစ်ရသူရဲ့အနမ်းဟာ တစ်ပါးသူရွှင်လန်းဖို့
ကိုယ်ချစ်ရသူရဲ့အပြုံးဟာ တစ်ပါးသူကိုနှစ်သိမ့်ဖို့
ကိုယ်ချစ်ရသူရဲ့အရာရာတိုင်းကို တန်ဖိုးထားတဲ့ကျနော်ဟာလည်း Sehun နဲ့ပတ်သက်လာသောအခါတွင် အရူးတစ်ယောက်ပမာ သနားဖို့ကောင်းနေပြီတဲ့။
မမြင်ချင်ပါ... သူ့ဘေးမှာထိုင်ပြီးကြည်နူးနေတဲ့ပုံရိပ်
တစ်တန်းလုံးကသူတွေရဲ့ Perfect Couple ဆိုတဲ့အပြောတွေလည်းမကြားချင်ပါ တနေ့တနေ့ မြင်ရကြားရတာတွေက
ငါ့ရင်ကို မီးနဲ့ထိုးနေသလို ပူလောင်ရတယ်
နှလုံးသားကို အပ်နဲ့ဆွနေသလို နာကျင်ရတယ်။

Taemin ခေါ်ရာနောက်လိုက်လာပြီး နောက်ဆုံးမှာတော့ မသွားချင်ပါဘူးဆိုတဲ့ စာသင်ခန်းကြီးထဲရောက်ရှိလာပါပြီ။
အတန်းထဲဝင်ဝင်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းက
Hun သူ ခုံပေါ်မှောက်အိပ်နေတာကို ဘေးနားကထိုင်ပြီး သူ့ဆံပင်လေးတွေကို သပ်ပေးနေတဲ့ Noona ။
အခုချိန်က စာသင်ရမယ့်အချိန်မဟုတ်လား ကျနော်တို့နဲ့နှစ်လည်းမတူပါပဲ အဲ့Noonaက ဒီအတန်းထဲထိရောက်လာနေတယ်။ Hunကရော ညကမအိပ်ခဲ့ဘူးလား ? သူ့ခေါင်းကို ကျနော်ကလွဲရင်ဘယ်သူမှ ထိတာမကြိုက်ဘူးဆိုတဲ့ Hun အခုကျတော့ရော
ကျနော်ပြေးထွက်လာခဲ့လား Taeminကိုတောင် ဘယ်လိုပြောပြီးထားခဲ့တယ်မသိ။ ဒီအတန်းထဲကဝေးဝေးပြေးဖို့ပဲသိခဲ့တာမို့။
နောက်ဆုံးတော့လည်းကျနော့်ရဲ့နားခိုရာက ၄ထပ်ဆောင်ရဲ့ခေါင်မိုးထပ်ပါပဲ။ အပေါ်ကကောင်းကင်ကလည်းငိုတော့မယ့် ကျနော့်ကိုအားပေးနေသလို မှိုင်းညို့နေလေရဲ့။ မရည်ရွယ်ထားပါပဲ မျည်ရည်တို့က မျက်လုံးအိမ်တစ်ခုလုံးကို နေရာယူသွားကြပြီ
မတားဆီးချင်တော့တာအမှန် လွတ်လပ်စွာကျဆင်းခွင့်ပေးပါရစေ ။

၎ထပ်ဆောင်ပေါ်မှာ တစ်ယောက်တည်းငိုကြွေးရင်း ရွာချလိုက်တဲ့မိုးနဲ့အတူ ကောင်လေး၏စိတ်အသွင်ကလည်း အချိန်ကာလတစ်ခုဆီသို့...

ပထမဆုံးရေးထားတာမို့ အမှားပါရင်လည်း သည်းခံပေးကြပါနော် 90°Bow😍
Thanks a lot to each reader.
Daily updateပေးနိုင်အောင်
ကြိုးစားပါ့မယ်နော်😍
အဆင်ပြေမယ်ဆို Feedbackလေးတွေရေးပေးခဲ့ကြပါဦးနော်:::
Saranghae my readers!

Why Not MeWhere stories live. Discover now