하지만 고통 스러운 사랑 EP 2

5.1K 238 8
                                    

Love But Painful
EP 2

ကျမညဘက်​ အိပ်​ရာထဲမှာလူးလွန့်​​နေမိတယ်​. သူတို့မျက်​နှာ​လေး​တွေကို​မေ့​ဖျောက်​ပြီးအိပ်​​ပျော်​နိုင်​ဖို့ဆိုတာ ထင်​သ​လောက်​မလွယ်​ခဲ့ပါလား.
ရုတ်​တရက်​ RM. Vနဲ့ Jhopeတို့ ကျမကို အူ​ကြောင်​ကြားကြည့်​ခဲ့တာ ပြန်​သတိရမိလိုက်​တယ်​. Vနည်းတူပဲ Jhopeလည်းကျမကို ​ခြေ​ထောက်​သက်သာလားလို့​မေးခဲ့တယ်​. ကျမပြန်​​မေး​တော့ ဟိုလိုလိုဒီလိုလို​တွေ​ဖြေပြီး ပြုံးဖြီးဖြီးလုပ်​ပြ​လေရဲ့. ကျမပုံစံကပဲ​ထော့ကျိုးရုပ်​​ပေါက်​​နေတာလား​တော့မသိ. အရမ်းကြည်​နူးစရာတစ်​ခုက​တော့ Sugaက ကျမကို aegyoပုံစံလုပ်​ပြပြီး လက်​​ကောက်​​လေးကို ကိုယ်​တိုင်​၀တ်​​ပေးပါလို့​ပြောခဲ့တယ်​. အ​ချေပုံစံ​နေတတ်​တဲ့သူက Aegyoလုပ်​ပြ​တော့ Fansite​တွေက​တောင်​ wowလို့​အော်​ကြတယ်​. ကျမ အရမ်းကိုရင်​​တွေခုန်​လာကာ ဖက်​လုံးကြီးကိုဆွဲညှစ်​ပြီး ​အော်​​နေမိ​လေရဲ့.

JJ: Janmi aah. နာမည်​ကြီး​နေတာနင်​လား.

JM: Onn. Wae?

JJ: ဒီမှာ​လေ. မနက်​ကနင်​၀တ်​သွားတဲ့ပုံစံပဲ. ဒီဆံပင်​အရှည်​ကြီး​တွေနဲ့ နင်​မှနင်​အစစ်​. Wahh. Janmi aah. နင်​ဘယ်​လို​တောင်​ကံ​ကောင်းခဲ့တာလဲ.

Jinjuက သူမရဲ့ဖုန်း​လေးကိုထိုးပြကာ ကျမကို​​ကြည့်​ပြီး လက်​​မောင်းကိုတဖြန်းဖြန်းရိုက်​၏. ကျမလည်းသူမဖုန်း​လေးကိုယူပြီးကြည့်​လိုက်​​တော့ ​နောက်​​ကျောပုံ​ပေမယ့်​ ကျမမှကျမအစစ်​ပါ.

JM: BTS 7​ယောက်​လုံးရဲ့အ​လေး​ပေးမှုကိုခံခဲ့ရတဲ့Lucky Girl​လေး?.

JJ: ​အေး​လေ. နင်​​တော့လုံးဝကို Lucky Girlပဲ. ငါ့V​လေးကနင့်​ကို လိပ်​ပြာလို့​ခေါ်ပြီး သီချင်းဆိုပြခဲ့တယ်​ဆို. ပြီး​တော့​Jungkookကလည်းဖက်​ခဲ့တယ်​တဲ့. နင့်​ကိုလည်း ကျ​နော့်​မိန်းခ​လေးလို့​ပြောခဲ့တယ်​တဲ့. တကယ်​လားဟယ်​.

JM: အင်း

ကျမ​ခေါင်းညိတ်​ပြလိုက်​​တော့ Jinjuက အားခနဲ​အော်​ကာ ကျမကိုလာဖက်​တယ်​. ကျမသူတို့​ရေးထားတဲ့Caption​လေးကိုကြည့်​​နေမိတယ်​.

Love But PainfulWhere stories live. Discover now