Section Nine

2.1K 261 21
                                    

ထို့ရက်​မှစ၍ ​နောက်​ပိုင်း Sehunသည်​ ​ကျောင်းဆင်းတဲ့အချိန်​တိုင်း Luhanထံသို့​နေ့တိုင်းလာ​လေ့ရှိတာမို့ Luhan​ပျော်​ရွှင်​ရသည်​။

Sehunမ​ရောက်​လာခင်​က Luhanမှာလုပ်​စရာအလုပ်​ဟူ၍ cashierနားမှာ ပျင်းရိဖွယ်​ မတ်​ရပ်​​နေရုံကလွဲမရှိ​တာကိုး~

Sehunက​တော့ Luhanကိုဒီတိုင်း​လေးကြည့်​​နေရတာကိုပင်​ သ​ဘောကျသည်​။

ဆံပင်​ပန်း​ရောင်​​ဖျော့​လေးနဲ့ သူ့ကိုအမြဲပြုံးပြတတ်​တဲ့အပြုံးလှလှ​လေးနဲ့ Hyungဟာ ​ထွေး​ပွေ့ချင်​စရာကောင်းတဲ့အ​မွှေးပွရုပ်​က​လေးလိုပင်​~ 

ဒါ​ပေမဲ့....

တ​ဖြေး​ဖြေးနဲ့...

Luhanဟာ Sehunကိုတ​ဖြေး​ဖြေးပုံသွင်း​နေတာ တဆင့်​ပီးတဆင့်​ တခုပီးတခု​အောင်​မြင်​သည်​ဟု​ပြောနိုင်​သည်​။

ဥပမာ​ပြောရလျှင်​ Sehunဟာ ဆိုင်​ထဲဝင်​ဝင်​ခြင်းLuhanကို ချစ်​စရာ​ကောင်း​အောင်​ပြုံးပြပီး နှုတ်​ဆက်​တတ်​​နေပီ~ ခဏ​လောက်​ဖစ်​ဖစ်​ Sehunရဲ့လက်​ဖဝါး​နွေး​နွေး​လေးကို ဆုပ်​ကိုင်​ခွင့်​ရ​နေပီ~

ဒီလိုနဲ့ ရက်​သတ္တပတ်​သုံးပတ်​​ကို​ကျော်​လွန်​လာတဲ့အချိန်​မှာ​တော့ Luhanဟာ လူအနည်းငယ်​​ရှေ့မှာပင်​ Sehunရဲ့နှုတ်​ခမ်း​လေးကို ခပ်​ဖွဖွနမ်းခွင့်​ပင်​ရ​နေပ။ီ😌
ကောင်​​လေးက​တော့ မျက်​နှာရဲရဲ​လေးနဲ့ရှက်​​ပေမဲ့ Luhanကိုငြင်း​တော့မငြင်းဆန်​​တော့​ပေ။

~~~~~*****~~~~~

Sehunက​တော့ Peco​လေးကို သူအပြင်​ထွက်​တိုင်း ​နေရာတိုင်းကို​ခေါ်သွား​လေ့ရှိတတ်​​သေးတာကို Luhanက​တော့မသိ​သေး။

တရက်​မှာ​တော့ သူတို့နှစ်​​ယောက်​ရုပ်​ရှင်​သွားကြည့်​ကြသည်​။
ရုပ်​ရှင်​ကြည့်​​နေရင်း Sehunကထုံးစံအတိုင်း အိတ်​ကပ်​ထဲကယုန်​​ရုပ်​​လေးကို ဖျစ်​ညစ်​​နေမိပြန်​သည်​။

" ဘာလုပ်​​နေတာလဲ!? "

Luhanက​​ပြောရင်း ငုံ့ကြည့်​လိုက်​​တော့

" ဘာ...ဘာမှ မဟုတ်​ပါဘူး~ "

Sehunက အထစ်​ထစ်​အ​ငေါ့​ငေါ့​ပြောရင်း ယုန်​က​လေးကိုဖွတ်​ဖို့ ကြိုးစားလိုက်​တယ်​။

PeterPan [HunHan]Donde viven las historias. Descúbrelo ahora