"Yun ဒီအက်ႌေလး ငါနဲ့လိုက်လား...??"

တခြားသူနဲ့ Date လုပ်တာကို ကျွန်တော်က အင်္ကျီရွေးပေးရမယ်ဆိုတာကတော့ တကယ်ပဲလွန်ပါတယ်.... ဒါပေမယ့်လဲ သူက ကျွန်တော်အရမ်းချစ်တဲ့ Jae လေ...

"အင်း မင်းအသားအရောင်နဲ့ဟပ်နေတာပဲ"

"အဲဒါဆိုလဲ ဒါလေးပဲဝတ်တော့မယ်"

တယောက်တည်းအခန်းထဲမှာ ယောက်ယပ်ခက်ကာ ပျော်မြူးနေတဲ့ Jae ကိုကြည့်ပြီး ကျွန်တော်ရင်တွေနာလှပါပြီ.... သ၀န်တိုနေတာကိုတောင် ပြောခွင့်မရှိတဲ့ဘ၀ပါလား...

"Yun ငါ့ကိုစိတ်ဆိုးနေတာလား ငါလဲမတတ်သာလို့ပါကွာ သူကငါတို့မိသားစုအတွက် အများကြီးထောက်ပံ့ပေးထားလို့ ငါကအလိုက်သင့်ဆက်ဆံနေရတာပါ"

သူကကျွန်တော့်ပေါင်ပေါ်လာထိုင်ပြီး ကျွန်တော့်လည်ပင်းကို လာဖက်ကာခပ်ချွဲချွဲပြောတော့ ကျွန်တော့်ဒေါသတွေ ဘယ်ဆီရောက်သွားမှန်းမသိတော့...

"စိတ်မဆိုးပါဘူး Jae ရယ် စိတ်မကောင်းဖြစ်ရုံပါ"

"စိတ်မကောင်းမဖြစ်ပါနဲ့ ငါချစ်တာမင်းတယောက်တည်းကိုလေ ငါ့ခန္ဓာကိုယ်ကိုတောင် မင်းကိုပေးထားတာပဲ"

Jae က ကျွန်တော့်ကိုဖက်ထားရင်းမှ ကျွန်တော့်ပခုံးပေါ် ခေါင်းလေးလာမှီရင်း ခပ်တိုးတိုးလေးပြောနေတယ်.... သူ့လက်တွေကလဲ အငြိမ်မနေပဲ ခပ်ဟဟပွင့်နေတဲ့ ကျွန်တော့်ရှပ်အင်္ကျီထဲကိုဝင်ရောက်ကာ ကျွန်တော့်ရင်ဘက်ကိုလာရောက် ပွတ်သပ်နေလေတယ်.....

ကျွန်တော်သက်ပြင်းချလိုက်ရင်း သူ့ခါးလေးကိုပွေ့ဖက်လိုက်တော့ သူနဲ့ပိုပြီးနီးကပ်သွားရတယ်.... ပြောလိုက်ချင်ပါတယ် မင်းရဲ့ခန္ဓာကိုယ်ထက် မင်းရဲ့စိတ်ကို ငါကပိုလိုချင်တာပါလို့....

"Yun ငါရေသွားချိုးတော့မယ်နော်"

ကျွန်တော်ဘာမှပြန်မဖြေရသေးခင်ပဲ သူကကျွန်တော့်ပေါင်ပေါ်ကနေ ထသွားပြီး သူ့အ၀တ်အစားတွေကိုချွတ်ကာ ရေချိုးခန်းထဲဝင်သွားလေတယ်..... သိပ်မကြာခင်မှာ သူ့ရဲ့ Hyung ဆိုတဲ့သူ ရောက်လာပြီးရင် သူတို့ပျော်ပျော်ကြီး လျှောက်လည်ကြဦးမှာပေါ့.....

AFFECTION [Completed]Where stories live. Discover now