သေနာမ!! ​ဂေါက်​သီးမ!! ရယ်​​နေ​သေးတယ်​။ ပါးစပ်​ကြီး ဆွဲဖြဲလိုက်​ရ ဂျိုကာရုပ်​​ပေါက်​သွားဦးမယ်​။ 
တေမိမင်းသား Sehun တစ်​​ယောက်​ အသံတိတ်​ ကျိန်​ဆဲ ​နေ​လေရဲ့ ။
တဆိတ်​ ~ သူမ မလွန်​လွန်းဘူးလား!!

Lu - " အာ့ဆို အဲ့​အ​လောင်းအစားက ပိုက်​ဆံ တဝက်​​ပေး "

Boa - " တစ်​ဝက်​​တောင်​လား? "

သမင်​​လေးက​တော့ ခပ်​​ချေ​ချေပဲ ..။ နှစ်​ခါမ​ပြောဘူး​ပေါ့။ Boa ​ကောင်းတယ်​!! အငတ်​မ .. ပျားတုပ်​ပြီ။

Boa - " Sehun .. ​ကူမ​ပြော​ပေးချင်​ဘူးလား "

Lu - " Noona ​နော်​ !! ကျ​နော့်​ ကိုကိုချစ်​ကိုလဲ နမ်းထား​သေးတယ်​ ~ ​ဈေးလာမဆစ်​နဲ့ "

နေပါဦး...!!! ဒီကိစ္စနဲ့ ပတ်​သက်​လို့ ​ပြောရမယ်​ဆွင်​ ~~~

Sese - " Yahhhhh!!! ငါက ခံရ​သူ​လေ!! ချစ်​တီး နှစ်​​ကောင်​ရဲ့......​ဈေးစကားပဲ ​ပြော​နေ​တယ်​ ... ခင်​ဗျားတို့ တဆိတ်​ လွန်​​နေဘီ​နော်​ "

Lu,Boa - " တိတ်​ ဇမ်း!!! "

ခံရသူ​လေး ဇက်​က​လေး ပုဝင်​သွားပြီ။ ​နောက်​ ဘာသံမှ ထွက်​မလာ​တော့။ ​ဒေါသများ Bubble Tea ထံသာ ပုံချလိုက်​ရ၏ ..။

Boa - " ok ​လေ .. ဒီမှာ ​ဒေါ်လာ ၅​ထောင်​ ~ Babe လေးက သိပ်​လိမ်​မာတာပဲ...ဒီလို ညှိလို့ရတယ်​ဆွာ Noona သိပြီးသား .. ငှင်းငှင်း "

ဒေါင်းဇားမ !! ကြာကူလီသံနဲ့ ရယ်​​နေ​ပြန်​ပြီ !!

Lu - " အင်း .. ​နောက်​ ဒီလို အ​လောင်းအစား​တွေ ရှိမယ်​ဆိုရင်​ Babe့ ကို ​ခေါ်လက်​ သိလား .. အဆင်​​ပြေ​အောင်​ လုပ်​​ပေးမယ်​ "

Boa - " ​ကောင်းပါပြီတဲ့ရှင်​ ~ Sehun .. နင်​ အသွက်​​လေးကို ရထားတာ သိပ်​ကံ​ကောင်းတာပဲ သ့လာ့ "

Sese - " မသိဘူး ​မြွေ​ပွေးကိုက်​မ "

တော်​​တော်​ကြီးကို ​ကောင်းတဲ့ သူငယ်​ချင်းမတစ်​​ယောက်​နဲ့ ချစ်​သူတစ်​​ယောက်​ကို ​တော်​ထားရတာပဲ....။
ပိုက်​ဆံသာရမယ်​ဆိုရင်​ ​ဒီ SeSehun ကို 
ဒေါ်နယ်​ထရန့်​ လက်​ထဲ​တောင်
လူကုန်​ကူးမယ့်​ အမျိုးအနွယ်​တွေ....!!!

Lu က​တော့ လုပ်​ချင်​တာလုပ်​ ​ပြောချင်​တာ​ပြောပြီး ​ရေခဲ​တုံး ​ပျော်​စ​ပြု​နေတဲ့ ဒုတိယ​မြောက်​ Ice Americano ခွက်​ကို ​အေး​အေးလူလူ ​မော့​သောက်​​နေ၏

နေနှင့်​ဦး ~ အဲ့​ကော်ဖီ ခါးခါးကြီးကို
အပူ ​ဖျော်​တိုက်​ဦးမယ်​။
ဒင်း ​သောက်​နိုင်​မလား ကြည့်​ကြ​သေးတာ​ပေါ့ ~~။

လိ​မ္မော်​နီ​ရောင်​ ညချမ်းဟာ ဆည်းဆာနှင့်​အပြိုင်​ ​တောက်​ပ​နေဆဲ
ကြယ်​စင်​များဟာ လ​ရောင်​နှင့်​အပြိုင်​ လင်းလက်​ရန်​ ထွက်​ပြူ​နေဆဲ
ထိုနည်းတူ SeHun ဟာလဲ က​လေး​ပေါက်​စနှင့်​အပြိုင်​ စိတ်​ဆိုး​နေဆဲပင်​ ဖြစ်​၏

လောကကြီးက​တော့ ညချမ်းချိန်​ခါ တာဝန်​​ကျေပွန်​ရန်
ချစ်​သူနှစ်​​ယောက်​အတွက်​ ကဗျာဆန်​​ဆန်​ လှပလျက်

💛💙💜💚

🌺🍀🌸

💚💜💙💛

Sorry !
Final part is too long.
So I split it 2 parts.
Thk u ~^^

Oh My Deer ~♥~ Completed Where stories live. Discover now