OMD ♥ 5

8.4K 644 8
                                    

✿ My Deer is My Angelic Prince ✿

စိတ်​ညစ်​ညူးစွာနဲ့ Sehun မ​နေ့ညက အိပ်​​ပျော်​သွားတာ
ဒီ​နေ့လဲ အိပ်​ရာထ ​နောက်​ကျပြန်​တယ်
၁၀နာရီ​တောင်​ ထိုး​နေပြီး​လေ
ဘေးနားက သ​မောင်​တကင်​က​တော့
သူ့ဗိုက်​​ပေါ် ​ခေါင်းအုံးပြီး
ေ​​စာင်တခြား လူတခြား ​အိပ်​​နေလိုက်​တာ
သမင်​​သေ သမင်​​မော ~~~~
မသိရင်​ သားအဖ​တွေ အတူ အိပ်​​နေသလိုလို !

•ิ.•

ဒီဟာ​လေး ဒီ​လောက်​ အအိပ်​မက်​​နေတာ
ဘယ်​လိုဖြစ်​လို့ စာ​တော်​ပါလိမ့်​​နော်
သူနဲ့ အတူလာ​နေတာ တစ်​ပတ်​​လောက်​ရှိပြီ
တစ်​ခါမှ စာလုပ်​တာ မမြင်​ဘူး
အင်း​လေ
ဥာဏ်​​ကောင်းလို့​နေမှာ​ပေါ့
Genius ​တွေများ ​ကောင်းလက်​ထာ
ပျင်းချင်​သ​လောက်​ပျင်း Roll 1 ပဲ

ပိစိ ​ပေါက်​စကို 
နေရာ အတည်တကျ ​ထား​​ပေးကာ
ေ​သချာ သိပ်​ခဲ့လိုက်​တယ်
နဖူး​လေးနဲ့ ပါးပြင်​နုနုကို နမ်းရှိုက်​ပြီး
နေ့သစ်​တ​နေ့အတွက်​ အားအင်​​တွေ
ယူခဲ့တာ​ပေါ့ ヅ

❀ ✿ ❀ ✿ ❀

Lu ကြိုက်​တတ်​တဲ့ ​ရေညှိ ထမင်းလိပ်​ လုပ်​ထားပြီး
မနက်​ခင်း လှလှကို Latte တစ်​ခွက်​နဲ့ ခံစား​နေစဉ်
Sehun ခါးကို လာဖက်​တဲ့
လက်​​ချောင်း လှလှ​လေး​တွေရယ်
ပုခုံး​ပေါ် လာပြီး​ မေးတင်​တဲ့
အရုပ်​မျက်​နှာ​​လေးရယ်
ဒါ​လေး​တွေက ကျနော့်​ရဲ့ Sunday ကို
ပိုလို့ ကြည်​နူးဖွယ်​ကောင်း​​​အောင်
ဖန်​ဆင်း​ပေး​နေတယ်

အရုပ်​လေး မျက်​နှာ​တော်​ကို 
စောင်းငဲ့ကာ ​မော်​ဖူးလိုက်​​တော့
မျက်​ဝန်းလဲ့လဲ့တို့ကို မျက်ေ​တာင်ရှည်တို့ က
ကွယ်​၀ှက်​ထားဆဲ
အငယ်​ကောင်​​လေး ​အပြည့်​အ၀ နိုးပုံ မရ​သေး
အိပ်​မက်​ ​ယောင်​လာတာလား မသိ

^ Lu, ပင်​ပန်း​နေရင်​ သွားအိပ်​​လေ
ဒီ​နေ့ ​ကျောင်းမတက်​ရဘူး ^

^ အင်းးးးး ^

စောင်​နဲ့ ပတ်လာ​​သော ကိုယ်​လုံး​လေးကို
ရှေ့ဆွဲ​ခေါ် ၊ ပေါင်​​ပေါ် ထိုင်​ခိုင်းကာ
စုတ်ဖွာ​နေ​သော ဆံနွယ်​တို့ကို သပ်​​တင်​ပေးလိုက်​တယ်
အစုတ်​ပလုတ်​​လေးက ကျ​နော့်​ရင်​ဘတ်​​ပေါ် မှီပြီး
ရရင်​ ရသ​လောက်​ကို အိပ်​​နေ​တော့တာပဲ

Oh My Deer ~♥~ Completed Where stories live. Discover now