OMD ♡ 14

4.7K 404 21
                                    

💖 Oh My Deer 💖

♡ ♥ Love is caring for each other
even when you are angry ♥ ♡

💝

ပန်းပင်​​တွေ​ပေါ် ​ရောင်​စုံမီးလုံး​လေး​တွေ စီတန်းချိတ်​ဆွဲထားတဲ့ cafe ဆိုင်​​လေး ~
အရုပ်​​သေး​သေး​လေးများနှင့်​ပါ ချစ်​စရာ​ကောင်းစွာ ဆင်​ယင်​ထားတဲ့ ဆိုင်ေ​လးဟာ ချစ်​သူ​များအတွက်​ အ​လှပ​ဆုံး​သော Heaven ​လေး ဖြစ်​​နေမှာ အမှန်​ပဲ​ပေါ့။

Westlife ရဲ့ Unbreakable သီချင်း​လေးကို လိုက်​ဖက်​စွာ ဖွင့်​​ပေးထားတာဟာလဲ ပန်းနု​ရောင်​ ချစ်​ခြင်းကို ပိုမို ဂန္ထ၀င်​ ဆန်​​စေတယ်​။

ဒီလို ရိုမန်​တစ်​ဆန်​ဆန်​ ​နေရာ​လေးဆီ .. ကျ​နော်​လဲ ချစ်​သူ​လေးနဲ့ အတူ လာခဲ့တယ်​..။ ​ဘေးမှာ အဖျက်​သမား တစ်​​ယောက်​ အပိုပါ​နေတာက လွဲ​ရင်​​ပေါ့...။

Lu - " ဟုတ်​လို့လား? ဇာတ်​လမ်း​ဆင်​​နေတာလား? "

လက်​ပိုက်​ကာ မျက်​လုံး​လေး ​မှေးကြည့်​ရင်း တရားခံစစ်​သလို စစ်​​နေတဲ့ အဆိုး​လေးက ကျ​နော့်​ မျက်​လုံးထဲ​တော့ က​လေး​လေး ခုံ​ပေါ်တက်​ပြီး လူကြီးကို ခြိမ်း​ခြောက်​​နေသလိုပင်​ ...။

Boa - " ​ရော်​ ~ ဟုတ်​ပါတယ်​ဆို .. က​လေးကို မမက ညာပါ့မလား .. ​​နေ့ခင်းကတည်းက ရှင်းပြ​နေတာ ည​နေ​စောင်းပြီ​လေ "

စားပွဲ ဟိုဘက်​က Boa ကလဲ တရင်းတနှီး ဟန်​နဲ့ ​ပြော​နေတာ။ က​လေးတဲ့ ~ ဟွန်း !!

Boa - " သူငယ်​ချင်း​တွေက King တစ်​​ယောက်​ကို နမ်းနိုင်​ရင်​ ​ဒေါ်လာ ၁သောင်း ပေးမယ်​ဆိုလို့ လုပ်​မိတာပါကွယ်​ "

Lu - " ကျ​နော်​လဲ King ပဲ​လေ !! ဘာလို့ ကျ​နော့်​ကို မနမ်းလဲ? "

အမ်​!!!??? သ​မောင်​တကင်​ စကား​ကြောင့်​ Sehun ​ဆွေ့​ဆွေ့ခုန်​ ​နေပြီ။ တခွန်းမှ ဝင်​မ​ပြောရဘူးဆိုလို့ ငြိမ်​​နေရတာ..။ ​နေဦး !! ညကျမှ ​တွေ့မယ်​.. ။

Boa - " ပူတူး​လေးကို နမ်းရင်​ Sehun က Noona ကို သတ်​မှာ​ပေါ့ ~ ဒါမဲ့ Sehun ကို နမ်းလိုက်​ရင်​ကျ​ ပူတူးလေးနဲ့ ညှိလို့ရမယ်​ ထင်​လို့ ခ်​ခ်​ "

Oh My Deer ~♥~ Completed Where stories live. Discover now