အိမ်မက်ထဲကပျိုးခင်း

87 3 2
                                    

အိမ်မက်ထဲကပျိုးခင်း

ဘယ်လိုမျိုး ငါကို အိပ်ယာကနိုးစေခဲ့တာလည်းကွယ်
အချစ်ဟာ မျတ်နှာကို နေရောင်ထိုးလိုက်သလိုးမျိုး
ငါ့ရင်ဘတ်မှာ အစွမ်းကုန်ပွင့်လန်းတော့မယ့် ပန်းတစ်ပွင့်လို
သံယောဇဉ်တွေ အချေအတင်း စစ်ခင်းစေဖို့
ငါရင်ဘတ်ကို မဲဆွယ်စည်းရုံးပြီး
ဟော့ဒီ ပြတင်းတံခါးကို ဖွင့်လိုက်တာလားဟင်..။
ကောင်မလေးရယ်.....
ဟော့ဒီ ပြတင်းတံခါးက
လလည်းရှိတယ်။ကြယ်လည်းရှိတယ်။
အရှုံးပေးခြင်းရဲ့ အဘိဓမ္မာတစ်ဝက်နဲ့
စွန့်လွှတ်အနစ်နာခံရဲတဲ့ မနက်ဖြန်လည်းရှိတယ်။
ကိုယ်နှလုံးသားကို ကိုယ်ပြန်သပိတ်မှောက်တဲ့သူဟာ
အိမ်မက်တစ်ပိုင်းတစ်စနဲ့ စိတ်ကူးရူးသွပ်နေသူအလား
ပိုင်ဆိုင်ခွင့်မရှိတဲ့ ပန်ချီကားတစ်ချပ်နဲ့....။
ဒီပန်းချီကားရဲ့ အလွမ်းရစ်သမ်ထဲမှာ
ကောင်မလေးရဲ့..ဖြူစင်ခြင်းတွေပေါ်င်းထည့်
ငါဟာ ဆေးစပ်လျှက်နဲ့ပဲ
ဒီကင်းပတ်ထဲမှာ မျော်လင့်ခြင်းနဲ့ လမ်းမဆုံးနေချင်ဘူးကွယ်..။
ဘာဖြစ်ဖြစ်
ကြိုးတင်ပြီ လွမ်းလို့ဆွဲလိုက်တယ်
မနက်ဖြန်ဟာ အစိမ်းရောင်လို့.......။
Oct26.2016
Minsetwai

အရူးတစ်ယောက်၏ကဗျာများOù les histoires vivent. Découvrez maintenant