Can I Hate You ???epi*13*

9.5K 389 7
                                    

~~~~~ကျွန်ုပ်၏မိဖုရား~~~~~

"ရပ်လိုက်စမ်း !"

နန်းတော် ရယ့်ဝင်ပေါက်၌ ရဲမက်က ရပ်တန့်ခိုင်း၍ ကျွန်မနဲ့ jongdae
ရပ်လိုက်တယ်

"မင်းတို့က ဘယ်သူလဲ ?"

ရဲမက်က မေးရင်း ကျွန်မတို့ရယ့် ကိုယ်ကို တပတ်ကြည့်တယ်...အဲ့တော့မှ
Jongdaeက လေသံမာမာဖြင့်....

"ငါက မင်းသမီးရယ့်သက်တော်စောင့် kim jongde !...သူက မင်းသား
လေးရယ့် သက်တော်စောင့်byun baekhyun "

Jongdaeရယ့် ပြောစကားကို ကျွန်မက ထောက်ခံသည့်အနေဖြင့်
ခေါင်းညိတ်ပြတယ်

"မင်းတို့ လာမနောက်နေနဲ့ ဒါမျိုးတွေရိုးနေပြီ ဘာ! မင်းသမီးရယ့်သက်တော်
စောင့် ဟုတ်လား ?မင်းသမီးက အခု ဂိုဂူလျော ကို ချစ်ကြည်ရေးအနေနဲ့
သွားပြီ မနက်ကလေးတင်ထွက်သွားတာ "

"ဟင် !"

Jongdaeမျက်နှာက ပျက်ယွင်းသွားသည်ကို ကျွန်မ သတိထားမိလိုက်
သည်

"မင်းက သူ့ရယ့်အစောင့်ဆိုရင် လိုက်သွားရမှာပေါ့ မဟုတ်လား ?ပြီးတော့
မင်းသားက ပြန်ရောက်တာ မကြာသေးဘူး အခုဆိုရင် အမတ်ကြီးက
သက်တော်စောင့်တွေ အကုန်ဖြုတ်ပစ်နေတာ မင်းမသိသေးဘူးလား ?"

"Nae !!"

ဒီတခါတော့ ကျွန်မ ထိတ်လန့်စွာ အော်လိုက်မိတယ် ....jongdaeက
ကျွန်မရယ့် ပုခုံးကို ဆုတ်ကိုင်ပြီးအားပေးရှာတယ် ဒါပေမယ့်ဘယ်လို
ရပ်တည်နိုင်စွမ်းရှိမှာလဲ ?...

အတွေ့ချင်ဆုံးသူ့ရယ့်မျက်နှာ....အထိတွေ့ချင်ဆုံး သူ့ရယ့်လက်လေးတွေ
သူ့အတွက် ကျွန်မစွန့်လွှတ်ခဲ့တာတွေက ကောဘာတွေလဲ ?

"သွားတော့ မင်းတို့ကို အမတ်ကြီးတွေ့ရင် မလွယ်ဘူး "

အစောင့်က စိတ်ပူသလိုလို နဲ့ ကျွန်မ တို့၂ယောက်ကို နှင်ထုတ်လို့နေတယ်

"မင်းသား ကြွလာပြီလမ်းဖယ်ကြ !!!"

ထိုစဉ် ရဲမက် များစွာ ခြံရံလျက် ဝေါယဉ် ၁ခုက ကျွန်မတို့နဲ့ မလှမ်းမကမ်းကို
ရောက်ရှိလို့လာတယ် လိုက်ကာ ချထား၍ ဘယ်သူဘယ်ဝါ မသိဆိုပေမယ့်
မင်းသားဆိုကတည်းက သူဆိုတာ ကျွန်မသိလိုက်တယ်

ကျွန်ုပ်၏မိဖုရား(18+)Where stories live. Discover now