{၃}

2.6K 378 73
                                    

သွေးခင်းတဲ့ စစ်ပွဲအလယ် မျက်တောင်တစ်ချက် မခတ်ခဲ့ဖူးသော...

အသားစိုင်ကို ဆွဲဆုတ်ခံရသည့်တိုင် အကြည့်တစ်ချက်
မယိုင်ခဲ့ဖူးသော...

မျက်ဝန်းတို့ဆီမှ မိမိထံတွင် မရှိခဲ့ဘူး ထင်ထားမိဖူးသော
မျက်ရည်တစ်စက်က မလိုက်မဖက် စီးကျလာခဲ့သည်။

ဒီလိုတွေဖြစ်မယ်မှန်းသိခဲ့ရင်...

သည်လောက် ကြားချင်ပါသည် တောင်းဆိုခဲ့ဖူးသော စကားတစ်ခွန်း ဖွင့်ဟပြောပေးခဲ့ရောပေါ့...

သည်လောက် ခေါ်ပေးပါ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ဖူးသော နာမည်တစ်ခု ခေါ်ဆိုပေးခဲ့ရောပေါ့...

အပ်နှင်းခဲ့ပြီးပြီ ယူဆခဲ့မိသော နှလုံးသား... မလုံလောက်သေးဟု ထပ်တောင်းဆိုခဲ့စဉ်က ရင်တစ်ခုလုံးခွဲ လှစ်ဟပြခဲ့ရောပေါ့...

အသည်းမရှိတဲ့လူ စွပ်စွဲပြောဆိုခဲ့စဉ်က မည်သို့မည်ပုံ
ချစ်ခင်မြတ်နိုးရကြောင်းတွေ စာဖွဲ့ပြောပြခဲ့ရောပေါ့...

ဘာတွေ ဒီလောက် ခက်ခဲနေခဲ့ပါလိမ့်....

ဘာတွေ ဒီလောက် ကြောက်ရွံ့နေခဲ့ပါလိမ့်...

သူရဲဘောကြောင်တဲ့ အရူးတစ်ယောက်လို....

ယခုအချိန်မှာတော့....

ပခုံးကို ဝင်လာစိုက်မှန်တဲ့ လှံတံရဲ့ဖောက်တိုးမှုတွေ....

ခါးဆီကို ပွတ်တိုက်ဖြတ်ရှသွားတဲ့ ဓားသွားရဲ့ စူးရှမှုတွေ....

မည်သည့်အရာကမှ နောင်တအလုံးအရင်းနှင့် စူးနင့်နာကျင်နေရသည့် ရင်မှနာကျင်ရမှုကို လိုက်မမှီခဲ့တော့

နှင်းလဲ့ရိပ်ထင် - နှင်းလဲ့ရိပ်ထင်Where stories live. Discover now