Ep.21 (Final)

Começar do início
                                    

သူလဲလျောင်းနေတဲ့ခေါင်းရင်းနားရှိစားပွဲခုံ
ပေါ်တွင် Navy Blue ပန်းလေးတွေက
သူ့ကိုနိုးလာအောင်လှုပ်နှိုးနေသော်လည်း
Baekhyun ကတော့ကျောက်ရုပ်ပမာငြိမ်
သက်နေဆဲ...

"Baekhyun...ဒီနေ့မင်းသဘောကျတဲ့
မိုးစက်လေးတွေလေ...~"

Chanyeol Baekhyun ရဲ့လက်ဖျားလေး
ကိုဆုတ်ကိုင်ထားကာ ဆေးရုံမှန်ပြတင်း
ပေါက်လေးကိုလှမ်းကြည့်နေ၏..

ပြတင်းပေါက်ပေါ်ရှိမှန်လေးတွေပေါ်တွင်
ဖြတ်ပြေးနေသောရေစက်ကြည်ကြည်လေး
တွေ....

"Baekhyun..ရေစက်တွေကလှတယ်..
ထကြည့်ပါလား..မညောင်းဘူးလား...လှဲ
နေရတာ.."

Chanyeol Baekhyunရဲ့နဖူးပေါ်က ဆံနွယ်တွေကိုဖယ်ပေးလိုက်ကာ..

"ဆံပင်တွေလည်းရှည်လာပြီ..နိုးလာရင်
Sehun ကိုညှပ်ခိုင်းလိုက်မယ်နော်..."

လက်ဖျားလေးကိုဆုတ်ကိုင်ထားရင်းစူးကနဲ
ဖြစ်သွားတာကြောင့်သူ့လက်လေးတွေကို
ကြည့်လိုက်တော့ အနည်းငယ်အစွန်းထွက်
ရှည်နေသော လက်သည်းကြည်ကြည် လေး တွေ...

"အာ.လက်သည်း..ကိုယ်ညှပ်ပေးမယ်နော်.."

အံ့ဆွဲထဲက လက်သည်းညှပ်လေးကိုယူကာ
လက်သွယ်သွယ်လေးတွေတစ်ချောင်းချင်း
စီ ကိုကိုင်ကာညှပ်ပေးနေ၏..

လက်သည်းရှည်လို့ညှပ်ပစ်လိုက်တဲ့လက်သည်းတွေလို ကိုယ်ကမင်းအတွက် မလိုအပ် တဲ့သူပါ...

မင်းကိုမစွန့်လွှတ်နိုင်လို့သာခဏတွယ်ကပ်
နေပေမယ့် မကြာခင်မှာ ဒီလက်သည်းစလေး
တွေလို မင်းဘေးကဖယ်ထုတ်ခံရမှာ..

"ကိုယ့်မင်းသားလေး လက်လေးတွေက
လှလိုက်တာကွာ...ကိုယ်အရမ်းမြတ်နိုး
တာပဲ.."

"Baekhyun ah...မင်းနိုးလာရင်လေ..
ကိုယ်မရှိလည်း မင်းနေနိုင်တယ်မလား...
ကိုယ့်ကသာမင်းကိုတွယ်ကပ်နေပေမယ့်
ကိုယ်ကပတ်ကျိလိုကောင်လေ...မင်း
အတွက်ဘာကောင်းကျိုးမှလည်းမပေးဘူး"

"မင်းကိုဒီလိုဖြစ်အောင်လုပ်တာလည်းကိုယ်
ပဲသိလား...Baekhyun...ကိုယ့်ကမင်း
အသက်ကိုတောင်ဒုက္ခပေးနိုင်တဲ့အထိမကောင်းတဲ့ကောင်ဆိုပြီးမေ့ပစ်ရမယ်နော်..
Ani...မင်းမေ့ကိုမေ့မှာပါ...မေ့ယုံတင်မဟုတ်
ဘူး..မုန်းပါမုန်းရမယ်နော်.."

Love Policy(Completed) Onde histórias criam vida. Descubra agora