Episode 17

1.3K 160 11
                                    

"ကျွန်တော့်ကိုမဝင်ခိုင်းတော့ဘူးလား Lu"

"အာ ဟုတ်သားပဲ ဝင်လေ"

ကျွန်တော်မေးတာလဲမဖြေဘဲ ကျွန်တော့်ကိုပဲကြည့်နေတဲ့ Lu ကြောင့်စကားလမ်းကြောင်းလွှဲလိုက်တယ် အခုချိန်မှာ Lu ကစိတ်အပင်ပန်းဆုံးလူမဟုတ်လား ကျွန်တော့်ခံစားချက်တွေခနတော့ မြိုသိပ်ထားလိုက်ပါမယ် ဒါနဲ့ Lu ကိုကြည့်တာပုံမှန်မဟုတ်သလိုပဲ

"Lu တကယ်အဆင်ပြေရဲ့လားဟင်"

စိတ်ပူစွာကျွန်တော်မေးမိပြန်တယ် နေ့ခင်းကစိတ်ဆိုးမာန်ဆိုးထွက်သွားတုန်းကပုံနဲ့ အခု Lu ပုံစံတခုခုတော့လွဲနေပါတယ်လေ ဘာလို့ကျွန်တော့်စိတ်တွေကရောလေးနေပါလိမ့် ကျွန်တော့်ကိစ္စအဆင်မပြေတာကိုလိမ်ပြောမိလို့လား တခါမှ Lu ကိုမလိမ်ဖူးတော့ ကျွန်တော့်စိတ်ထဲမသိုးသန့်ဖြစ်နေတာများလား
Lu များရိပ်မိနေတာလားဆိုပြီး သူ့မျက်လုံးတွေကိုစူးစိုက်ကြည့်မယ်ကြံတော့လဲ ကျွန်တော်နဲ့မျက်လုံးချင်းမဆုံအောင် တမင်ရှောင်နေပြန်တယ်

"Lu ကျွန်တော့်ကိုကြည့်ပါဦး"

ခခယယ ကျွန်တော်တောင်းဆိုမှမော့ကြည့်လာတဲ့မျက်လုံးရွဲရွဲတွေက မျက်ရည်တွေနဲ့

"ကျွန်တော့်ကိုရင်ဖွင့်လေ Lu စိတ်ထဲရှိနေတာတွေအကုန်ပြောပြလို့ရတယ် ကျိတ်မခံစားနေပါနဲ့ Lu ရယ်"

"ဟင့်အင်း"

အသည်းအသန်ခေါင်းခါပြီးငြင်းနေတဲ့ Lu ပုံစံကကျွန်တော့်ကိုပါ မျက်ရည်ကျစေတယ် တယောက်ထဲခံစားနေတာကျွန်တော်တကယ်မကြည့်ရက်တာပါ Lu ရယ်

"ပြောပြပါ Lu ရဲ့ ကျွန်တော့်ကိုမှမပြောရင် Lu ဘယ်သူ့ကိုရင်ဖွင့်မှာလဲ"

အနည်းဆုံးတော့ကျွန်တော်အခုချိန်မှာတည်ငြိမ်နေသင့်တယ်မဟုတ်လား အသံကိုမတုန်အောင်သတိထားပြီး သူ့ပုခုံးကိုဆုပ်ကိုင်ကာ တဖွဖွကျွန်တော်မေးတော့မှ

"ဘာလုပ်ရမလဲဟင် hyung ဘာလုပ်ရတော့မလဲ Hun ရယ်"

ပြောလဲပြောငိုလဲငိုတော့ အခုချိန်မှာနှစ်သိမ့်စရာစကားရှာမတွေ့တဲ့ကျွန်တော် Lu ရယ် လို့သာတခွန်းထဲပြောနိုင်ပြီး ရင်ခွင်ထဲပဲထွေးပွေ့ထားနိုင်တယ် ကျွန်တော်သိပ်ညံ့လွန်းတယ်နော် ကိုယ့်ချစ်သူတယောက်လုံးဒီလောက်ခံစားနေရတာကိုနှစ်သိမ့်နိုင်စွမ်းလေးတောင်မရှိဘူး အမြဲကလေးဆန်ခဲ့တဲ့ မျက်ရည်လွယ်ခဲ့တဲ့ကျွန်တော့်ကို Lu ကအမြဲချော့တတ်ခဲ့ပေမယ့် အခု Lu မျက်ရည်တွေတိတ်အောင်ကျွန်တော်မစွမ်းနိုင်ဘူး ချစ်သူတယောက်အနေနဲ့ကျွန်တော် Lu အပေါ်မှာအရမ်းလိုအပ်ချက်တွေများလွန်းတယ်နော် နောက်အခုလိုမဖြစ်စေရအောင် ကျွန်တော်Lu အပေါ်အမြဲဂရုစိုက်ပေးပါ့မယ်Lu ရယ်

RECTANGLEHikayelerin yaşadığı yer. Şimdi keşfedin